Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီယာဥ်တန်းကို ၇ ​နေရာ၌ မိုင်းဆွဲတိုက်ခိုက် အများအပြားထိခိုက်​သေဆုံးနိုင်၊ ကားနှစ်စီးပျက်စီး

“အမြဲတက်လာတိုင်း ဆင်းလာတိုင်း တိုက်ခိုက်ပါတယ်။ မန္တလေး-တကောင်း- ထီးချိုင့် -အင်းတော် -မြစ်ကြီးနားလမ်းပေါ်မှာ ဖြစ်တာပါ”ဟု TR အဖွဲ့ တာဝန်ရှိသူက​ပြောသည်။

(ထီးချုင့်-တ​ကောင်း-လမ်းပိုင်း ကို​မြေပုံ​ပေါ်တွင်​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ အစီး၃၀ကျော်ပါ ရိက္ခာယာဥ်တန်းကို ၇ နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးနိုင်ကြောင်း Tigyaing Revolution-TR က အသိပေးသည်။

ယနေ့ (ဖေဖော်ဝါရီ၁၅ ရက်) နံနက် ၆နာရီခန့်မှစ၍ မိုးညှင်းဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာယာဉ်တန်း (၃၃)စီးကို ကျောက်အိုက်၊ဘိုတဲကုန်း၊အင်းတိန်၊အလယ်တော ၊ဆားတွင်း၊ပေါက်ကုန်းနှင့် ကျက်သရေချောင်း အနီးတဝိုက်တို့တွင် မိုင်း အလုံး(၂၀)ကျော် ၊နေရာအနည်းဆုံး(၇)နေရာတို့ မှ မိုင်းဆွဲတိုက်ခိုက်ရာ အများအပြား သေဆုံးနိုင်သလို ထိခိုက် ဒဏ်ရာရသူများလည်း များပြားနိုင်ပြီး ကား(၂)စီး မောင်းမရတော့ဘဲ ပျက်စီးခဲ့ကြောင်း ထီချုင့်​​တော်လှန်​ရေးအဖွဲ့အမည်ရ Tigyaing Revolution-TRက သတင်းထုတ်ပြန်သည်။

“အမြဲတက်လာတိုင်း ဆင်းလာတိုင်း တိုက်ခိုက်ပါတယ်။ မန္တလေး-တကောင်း- ထီးချိုင့် -အင်းတော် -မြစ်ကြီးနားလမ်းပေါ်မှာ ဖြစ်တာပါ”ဟု TR အဖွဲ့ တာဝန်ရှိသူက​ပြောသည်။

၎င်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကွမ်းတုံရွာမှထွက်လာစဉ် ကားလမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဇီးဖြူကျင်း ၊အင်းတိန်၊အင်ကြင်းကုန်း ၊အလယ်တော ၊ရွာသစ်ကုန်း ၊တည်တောမှ နေအိမ်များ ကျည်ဆံ ၊ဗုံးဆံများ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှုမရှိဟုသိ့ရသည်။ ထီးချိုင့် ကာကွယ်ရေး တပ်ပေါင်းစုများမှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ယာဉ်တန်းများသည် နံနက် ၁၀နာရီတွင် မန္တလေးသို့ ဆက်လက်ဆင်းသွားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။