Connect with us

Hi, what are you looking for?

LuduNwayOo

News

တီးတိန်မြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ၁၀ဦးထက်မနည်း​သေကြောင်း PDFနှစ်ဖွဲ့ထုတ်ပြန်

ယနေ့(ဖေဖော်ဝါရီ ၁၅) မနက်ပိုင်းတွင် ဖလမ်းမြို့မှ တီးတိန်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ် ၂၃ စီးပါဝင်​သောယာဉ်တန်းကို ဇောင်ကုန်ရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် PDF-Zolandက ထုတ်ပြန်ထားသည်။

(တိုက်ပွဲဖြစ်ပွားခဲ့​သောတီးတိန်မြို့နယ် ဇောင်းကုန်းရွာ ၊ဓာတ်ပုံ-CJ)

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ဇောင်ကုန်ရွာတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထပ်မနည်းသေဆုံးခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၅) မနက်ပိုင်းတွင် ဖလမ်းမြို့မှ တီးတိန်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ် ၂၃ စီးပါဝင်​သောယာဉ်တန်းကို ဇောင်ကုန်ရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် PDF-Zolandက ထုတ်ပြန်ထားသည်။

ထိုမိုင်းခွဲမူကို PDF-Zolandနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စီးယင်း) Civic Defense Militia -CDM -Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှစ်ခုလုံးက ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDM (စီးယင်း)အဖွဲ့က ထုတ်ပြန်ထားသည်။

ကလေး-သိုင်းငင်း-တီးတိန်လမ်းပိုင်းတွင် ဇန်နဝါရီ ၂၂ ရက် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား သိုင်းငင်းရွာတိုက်ပွဲအပြီးနောက် ပထမဦးဆုံးအကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှတိုက်လေယာဉ်နှင့် လက်နက်ကြီးပစ်ကူအများအပြားအသုံးပြုခဲ့ရပြီး ရက်သတ္တပါတ်ခန့်ကြာမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။