Connect with us

Hi, what are you looking for?

News

မူပန်ခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဟု MNDAA ထုတ်ပြန်

အပြန်အလှန်ပစ်ခတ်မှုအတွင်း MNDAA မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန် သည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက် မူပန်ခရိုင်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ MNDAA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက အထူးဒေသ(၁)မူပန်ခရိုင်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ညသန်းခေါင်းတွင် တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုသို့ တိုက်လေယာဉ်များလာရောက်ခဲ့သော်လည်း ဗုံးကြဲတိုက်ခိုက်မှု ရှိ၊မရှိ ဖော်ပြမထားပေ။

အပြန်အလှန်ပစ်ခတ်မှုအတွင်း MNDAA မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ၁၄ ရက်ကလည်း MNDAA ထိန်းချုပ်နယ်မြေ မန်ရန်တပ် စခန်းနှင့် ရှိကျိကျတောင်ကုန်နယ်မြေသို့ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။