Hi, what are you looking for?
ကချင်ပြည်နယ်ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်ကသေဆုံးထိခိုက်များပြားနေတယ်လို့ကချင်စစ်ရေးတသင်းရင်းမြစ်အချို့ကပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန် အစိုးရကြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ခြေအပေါ် U.S. Campaign for Burma အပါအဝင် အရပ်ဖက် အဖွဲ့အစည်း နှစ်ဒါဇင်ကဇူလိုင် ၁ ရက်နေ့မှာ ပူးတွဲ ကန့်ကွက်လိုက်ကြပါတယ်။
အစောပိုင်း သတင်းတွေအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း တောင်တရုတ်ပင်လယ် ပြဿနာနဲ့ မြန်မာ့အရေးတွေ ဆွေးနွေးဖို့ အရှေ့တောင်အာရှကို လာရောက်မယ်လို့ သိရပါတယ်။ ဘလင်ကန်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတို့ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။