Connect with us

Hi, what are you looking for?

News

ကိုးကန့်နှင့် သိန္နီဒေသ၌ တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရဟု MNDAA ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီလ၂၃ ရက်က ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

(MNDAA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Ko Kokang)

ရှမ်းပြည်နယ် မူပန်(သိန္နီ)ဒေသ၌ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ရဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီလ၂၃ ရက်က ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ကိုးကန့်ခရိုင် ရှင်ဝမ့်ဒေသ လိုင်ဟုရှိ ရွာ၏အနောက်ဘက်တွင် တစ်ကြိမ်၊ မူပန်ခရိုင် လိုင်းကျန်ဒေသ၌ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတိုက်ပွဲနှစ်ကြိ¹ MNDAAဘက်မှ ထိခိုက်ကျဆုံး မရှိသည့်အပြင် စစ်ကောင်စီထံ စကားပြောစက်(၁)လုံးနှင့် ရိုင်ဖယ်သေနတ်(၁) သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အနေဖြင့် ဇန်နဝါရီ ၂၄ရက်တွင် တရုတ်နယ်စပ်ရှိ ကိုးကန့် မော်ထိုက်ဒေသမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီသည် မုံးကိုးခရိုင်တွင်း တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ ကိုးကန့်လုံခမ်း ၊ ဟေးရှိန် ‌ဒေသမှ လက်နက်ကြီးများဖြင့် MNDAA၏ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။