Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုးကန့်နှင့် သိန္နီဒေသ၌ တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရဟု MNDAA ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီလ၂၃ ရက်က ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

(MNDAA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-The Ko Kokang)

ရှမ်းပြည်နယ် မူပန်(သိန္နီ)ဒေသ၌ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ရဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီလ၂၃ ရက်က ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ကိုးကန့်ခရိုင် ရှင်ဝမ့်ဒေသ လိုင်ဟုရှိ ရွာ၏အနောက်ဘက်တွင် တစ်ကြိမ်၊ မူပန်ခရိုင် လိုင်းကျန်ဒေသ၌ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတိုက်ပွဲနှစ်ကြိ¹ MNDAAဘက်မှ ထိခိုက်ကျဆုံး မရှိသည့်အပြင် စစ်ကောင်စီထံ စကားပြောစက်(၁)လုံးနှင့် ရိုင်ဖယ်သေနတ်(၁) သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အနေဖြင့် ဇန်နဝါရီ ၂၄ရက်တွင် တရုတ်နယ်စပ်ရှိ ကိုးကန့် မော်ထိုက်ဒေသမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီသည် မုံးကိုးခရိုင်တွင်း တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ ကိုးကန့်လုံခမ်း ၊ ဟေးရှိန် ‌ဒေသမှ လက်နက်ကြီးများဖြင့် MNDAA၏ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။