Connect with us

Hi, what are you looking for?

News

၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲရမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

စစ်အာဏာသိမ်းမှု (၁)နှစ်ပြည့်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစုက ယနေ့(ဇန်နဝါရီ ၂၅ ရက်)ညပိုင်းတွင်ပြုလုပ်သည့် ‘နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ’ ဆွေးနွေးပွဲစကားဝိုင်းတွင် NUG နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ယခု ၂၀၂၂ သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်ပွဲနှစ်ဖြစ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြိုးစားဆောင်ရွက်နေပြီး တော်လှန်ရေးအောင်မြင်သည့်နေ့တစ်ရက် ယခုနှစ်အတွင်း ရောက်ရှိမည်ဟု ခိုင်မာစွာယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြော သည်။

စစ်အာဏာသိမ်းမှု (၁)နှစ်ပြည့်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစုက ယနေ့(ဇန်နဝါရီ ၂၅ ရက်)ညပိုင်းတွင်ပြုလုပ်သည့် ‘နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ’ ဆွေးနွေးပွဲစကားဝိုင်းတွင် NUG နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ ဒီနှစ်အတွင်းမှာသာလျှင် အောင်မြင်မှုကို ရယူနိုင်လိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ အဲဒီလိုမျိုးဖြစ်အောင်လို့လည်း တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ဟန်ချက်ညီအောင် NUG အနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၂၂ အတွင်း ပြည်သူလူထုနှင့် NUGတို့ အောင်ပွဲခံနိုင်မည့် နှစ်ဖြစ်စေရန် စီမံကိန်းရေးဆွဲဆောင် ရွက်နေပြီး ပြည်သူလူထု၏ အသံများ၊ ဝေဖန်မှုများ၊ အကြံပြုချက်များကိုလည်း နားထောင်ကာ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲလုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ဆွေးနွေးပွဲတွင်ပါဝင်သူ ဒေါက်တာတေဇာစန်းကလည်း ၂၀၂၂ သည် ပြည်သူလူထု အုပ်ချုပ်ခွင့်ရမည့်နှစ်ဖြစ်လာမည်ဟု ယုံကြည်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်နိုင်သမျှသောကဏ္ဍအားလုံးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်း သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။