Connect with us

Hi, what are you looking for?

News

ယော​ဒေသကာကွယ်​​ရေးတပ်က ပုံ​တောင်ပုံညာ​တောင်တွင်တပ်ဦးအလံလွှင့်ထူ

ယောဒေသ၏ အမှတ်သညာဖြစ်သော ပုံတောင်ပုံညာတောင်တစ်နေရာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏တပ်ဦးအလံကို ဇန်နဝါရီ ၂၄ရက်ကလွှင့်ထူခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်​နေပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်း အသက်ဝင်နေသည့် ယောဒေသရှိပုံ​တောင်ပုံညာ​တောင်တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏တပ်ဦးအလံကို လွှင့်ထူလိုက်သည်။

ယောဒေသ၏ အမှတ်သညာဖြစ်သော ပုံတောင်ပုံညာတောင်တစ်နေရာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏တပ်ဦးအလံကို ဇန်နဝါရီ ၂၄ရက်ကလွှင့်ထူခဲ့ခြင်းဖြစ်သည်။

ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ကျောနှင့် ထီးလင်းမြို့တို့ပါဝင်သောယောဒေသည်အကြမ်းဖက်စစ်ကောင်စီအား စနစ်တကျခုခံတော်လှန်တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်စ အကောင်အထည်ဖော်နေသည်။ယောဒေသအပါအဝင် မကွေးတိုင်းအတွင်း မြို့နယ်အချိူ့၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဟု စစ်ကောင်စီ၏ မကွေးတိုင်းနယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းမှုးက ဝန်ခံ ငြီးတွားထားသည့် အသံဖိုင် ယခုရက်ပိုင်းထွက်ပေါ်လာခဲ့သည်။

ယောဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားပြီး ဇန်နဝါရီ ၁၈ရက်က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက သုတ်သင်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။