Connect with us

Hi, what are you looking for?

News

နယ်စပ်ပေါက်တွေကနေ ပွဲစားတွေက အကျိုးအမြတ်ယူပြီး လစ်ရင်လစ်သလိုသွင်းနေကြတာ

တရားမဝင်လာရောက်လို့ ဖမ်းဆီးခံရရင် လဝကဥပဒေ ၊ ကိုဗစ် စည်းကမ်းချိုးဖောက်မှုတွေနဲ့အရေးယူပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပေးတာလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ရဲ့အကြံပေး ဦးအောင်ကျော်က ပြောပါတယ်။

ဖမ်းမိခံရတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရစဉ် (ဓာတ်ပုံ − ဘန်ကောက်ပို့စ်)

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာလို့ ဖမ်းခံရသူတွေထဲ မြန်မာနိုင်ငံသားတွေ အများဆုံးပါဝင်နေတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းခံရသူ စုစုပေါင်းဦးရေဟာ ၆၀၀၀၀ ကျော်ရှိနေပါတယ်။

ဖမ်းခံရသူတွေဟာ မြန်မာ ၊ ကမ္ဘောဒီးယား ၊လာအိုနိုင်ငံတွေကဖြစ်ပြီး မြန်မာက အများဆုံးပါဝင်တယ်။

ဒီလို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတာဟာ အာဏာသိမ်းပြီးနောက် မငြိမ်မသက်ဖြစ်နေတဲ့ တိုင်းပြည်မှာ နေထိုင်ရတာ ခက်ခဲလာတာ ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး ကျပ်တည်းလာတာအပြင် လုံခြုံမှုမရှိတော့တဲ့အတွက် ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ရဲ့အကြံပေး ဦးအောင်ကျော်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အခြားသော အခြေအနေတွေလည်းရှိတယ်လို့ ဦးအောင်ကျော်က ထောက်ပြပါတယ်။

ဒါကတော့ လုပ်သားလိုအပ်ချက်အရ ပြည်ပလုပ်သားတွေကို သိန်းနဲ့ချီပြီး ခေါ်ယူဖို့ ရှိတဲ့အကြောင်းထိုင်းအစိုးရက ကြေညာထားတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ကိုဗစ်အခြေအနေကြောင့် လုပ်သားတွေခေါ်ယူဖို့အဆင်မပြေတဲ့အခါ ထိုင်းနိုင်ငံထဲကိုရောက်နေတဲ့ ပြည်ပ လုပ်သားတွေကို တရားဝင်ရောက်တာဖြစ်စေ ၊တရားမဝင် ရောက်ရှိနေတာဖြစ်စေ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး ခွင့်ပြုပေးခဲ့တာကြောင့်လည်းပါတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ဒီလို ခွင့်ပြုတာကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအစိုးရက ဆောင်ရွက်ခဲ့တာကြောင့် မြန်မာလုပ်သားအတော်များများ ဟာတရားဝင်လုပ်သားတွေဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပွဲစားတွေက ဒီလိုအခွင့်အလမ်းမျိုး နောက်ထပ်ရှိသေးတယ်ဆိုကာ မက်လုံးပေးပြီး အကျိုးအမြတ်ရယူကာ တရားမဝင်လမ်းကြောင်းကနေ လုပ်သားတွေသွင်းနေတာလို့သိရပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရဆို ပွဲစားတွေဟာ လုပ်သားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၅၀၀၀ ခွဲက ဘတ် ၂၆၀၀၀ လောက်ထိယူနေကြတာပါ။

ဒါဟာ လက်ရှိငွေကြေးပေါက်ဈေးအရဆို ကျပ် ၈ သိန်းကျော်ကနေ ကျပ် ၁၅ သိန်း နီးပါးရှိနေတာတွေ့ရပါတယ်။

တရားမဝင်လာရောက်လို့ ဖမ်းဆီးခံရရင် လဝကဥပဒေ ၊ ကိုဗစ် စည်းကမ်းချိုးဖောက်မှုတွေနဲ့အရေးယူပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပေးတာလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ရဲ့အကြံပေး ဦးအောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် ဖမ်းမိတဲ့ဦးရေများပြားတာ ၊ ဖမ်းမိထားသူတွေကို ဆက်လက်ထိန်းသိမ်းထားရင် အစိုးရ ဘတ်ဂျက်သုံးစွဲရမယ့်အခြေအနေတွေကြောင့် ပြစ်ဒဏ် ကို အပြည့် ချမှာမဟုတ်ဘဲ ထိုက်သင့်တဲ့ကာလမှာ နေရပ်ပြန်ပို့မယ့်အခြေအနေမျိုးဖြစ်တယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

ထိုင်းဘက်မှာ အဖမ်းအဆီးတွေရှိတာကြောင့် လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ပွဲစားတွေရဲ့ ပြောစကားကို ပဲ မယုံမှတ်ဖို့နဲ့ ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတာတွေကို စုံစမ်းမေးမြန်းပြီးမှ လာရောက်ကြဖို့ကိုလည်း ဦးအောင်ကျော်က သတိပေးပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။