Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်​ဘေးစစ်သင်တန်း​ပေးရန်လာ​သောစစ်​ကောင်စီနှင့်ပျူ​စောထီးများကိုPDFတိုက်ခိုက် ပျူ ၂ဦးသေ

“စစ်ကောင်စီက အဲဒီရွာထဲမှာ ပျူစောထီးတွေကို သင်တန်းပေးနေတာပါ။”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချင်းတွင်းမြစ်ဘေးတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့က သတင်းထုတ်ပြန်အသိပေးသည်။

ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့သည် ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှ လက်နက်များကိုင်ဆောင်၍ ရွာအနောက်ဘက် ချင်းတွင်းမြစ်သောင်ပြင်သို့ ဆင်းလာကြရာ ချောင်းဦး PDF တပ်ခွဲ ၂ မှ တိုက်ခိုက်ခဲ့ကြကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် ပျူစောထီးများဘက်မှ နှစ်ဦးသေဆုံးပြီး အလောင်းများကိုဆွဲကာ ရွာထဲပြန်ဝင်ပြေးသွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

“စစ်ကောင်စီက အဲဒီရွာထဲမှာ ပျူစောထီးတွေကို သင်တန်းပေးနေတာပါ။”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကံကြီးကုန်းဘုန်းကြီးကျောင်းတွင်လည်း ပျူစောထီးများ အုပ်စုဖွဲ့၍ နေထိုင်ကာ စစ်ကောင်စီတပ်သားများမှ ပျူစောထီးသင်တန်းများပို့ချနေကြောင်း၊ ဇန်နဝါရီလ (၂၀) ရက် ည (၈)နာရီအချိန်က ‌ကံကြီးကုန်း‌ကျေးရွာမှ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သူ(၃)ဦး၏ နေအိမ်များကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ငွေသားသိန်းနှစ်ဆယ်၊ ရွှေ ၅ကျပ်သား အပါအဝင် တန်ဖိုးကြီးပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများပြီး ​သေဆုံးသူများဒဏ်ရာရသူများကို ပြန်​ကောက်ကာ ထို​နေရာမှ​သွေးကွက်နှင့်အသားစများကို​ဆေး​ကြောပြီး မုံရွာမှ လာ​ခေါ်​သောစစ်​ကောင်စီကားဖြင့်ပြန်သွားခဲ့ကြသည်။

ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ကားပိ၍ သေသူ၊ မိုင်းထိမှန်၍သေသူစုစုပေါင်း ၂၀ ကျော်သေဆုံးသည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywaတို့ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook