Connect with us

Hi, what are you looking for?

News

မုံရွာ​​ထောင်တွင် နိုင်ကျဥ်းများအ​​ပေါ် ဖိနှိပ်မှုအ​ပေါ် NUGနှင့်သက်ဆိုင်ရာကတုန့်ပြန်အ​ရေးယူရန် တိုင်ကြား

မုံရွာ​ထောင်မှာ နိုင်ငံ​ရေးအကျဥ်းသား​တွေကို ​စစ်​ကောင်စီ၏ထောင်ပိုင်အပါအဝင် အရာရှိ​တွေက ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ၊ ခြိမ်း​ခြောက်တာ​တွေကို ပုံစံမျိုးစုံဖြင့်ကျူးလွန်​နေ​ကြောင်း မရတ်ချန်နယ် တီလီဂရန်နှင့် The Sentiment သတင်းဌာနတွင် ယမန်​နေ့က ​ဖော်ပြခဲ့သည်။

မုံရွာ အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများအပေါ် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ လိုအပ်သလို တုန့်ပြန် အရေးယူမှုပြုရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကတိုင်ကြားထားသည်။

မုံရွာအကျဥ်းထောင်ထဲတွင် ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး၊ ထောင်မှုးများ အစရှိသော အကျဥ်းဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံရေးအကျဥ်းသားများအပေါ် ဖိနှိပ်မှုများ ကျူးလွန်နေသည်ကိုသိရှိရကြောင်း၊ သို့ဖြစ်ပါ၍ မုံရွာအကျဥ်းထောင်အတွင်း ဖြစ်ပွားလျက်ရှိသော ထောင်တွင်းဖိနှိပ်မှုများအပေါ် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ပေးပါရန် လေးစားစွာအသိပေးအကြောင်းကြားအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တင်ပြခဲ့သည်။

မုံရွာ အကျဥ်းထောင်အတွင်း ဖြစ်ပွားလျက်ရှိသော ထောင်တွင်း ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တဆင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာနတို့နှင့် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တို့ထံ အကျဥ်းထောင်အတွင်း ဖိနှိပ်မှုများနှင့် စပ်လျဥ်းပြီး လိုအပ်သလို တုံ့ပြန် အရေးယူ ဆောင်ရွက်ပေးပါရန် အသိပေး တိုင်ကြားထားပါကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးသည်။

မုံရွာ​ထောင်မှာ နိုင်ငံ​ရေးအကျဥ်းသား​တွေကို ​စစ်​ကောင်စီ၏ထောင်ပိုင်အပါအဝင် အရာရှိ​တွေက ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ၊ ခြိမ်း​ခြောက်တာ​တွေကို ပုံစံမျိုးစုံဖြင့်ကျူးလွန်​နေ​ကြောင်း မရတ်ချန်နယ် တီလီဂရန်နှင့် The Sentiment သတင်းဌာနတွင် ယမန်​နေ့က ​ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကိုလည်း မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်များအတွင်းသို့ ICRC ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အကျဥ်းသား အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့နှင့် ထောင်တွင်း လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို စုံစမ်းစစ်ဆေး သွားနိုင်ရေးတို့အတွက် အမြဲမပြတ် တိုက်တွန်း တောင်းဆိုသွားမည် ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။