Hi, what are you looking for?
ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီးစစ်တပ်စခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
“ကျွန်မ ဒီနေ့ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂနာ နဲ့တွေ့ဆုံပြီး စစ်အာဏာရှင်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအဆုံးသတ်ရေး၊ မြန်မာပြည်သူလူထုနဲ့သူတို့ရဲ့ဆန္ဒလိုလားမှုဖြစ်တဲ့ ဒီမိုကရေစီရရှိဖို့အားပေးကူညီရေး၊ အဓိကျကတဲ့လူသားချင်းစာနာမှုအကူအညီတွေရရှိရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး အကျိုးရှိရှိဆွေးနွေးခဲ့ပါတယ်”-အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ အာ ရှားမန်း