Connect with us

Hi, what are you looking for?

ဗီဒီယို

တောင်ဥက္ကလာက လူငယ်များရဲ့ ပျောက်ကြားသပိတ်

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်စျေးအနီး သုမင်္ဂလာလမ်းမကြီးပေါ် တွင် ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်းက လူငယ်များစုပေါင်း၍ စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် ပျောက်ကြားသပိတ် ချီတက် ဆန္ဒပြကြခဲ့သည်။

အဆိုပါသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့သည်။
လူငယ်များသည် “စစ်တပ်သွေးနဲ့ ခြေဆေးပစ်မယ်” “ကြောက်ခေတ်ကိုမှောက်ပစ်” စသည့် စာတန်းများကိုင်ဆောင်၍ ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ သုမင်္ဂလာလမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

Facebook