Connect with us

Hi, what are you looking for?

News

BDF တိုက်ခိုက်၍ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး​သေဆုံး

မန္တ​လေးမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဇွန် ၂၂ ရက်တွင် တိုက်ခိုက်စီးနင်းခဲ့သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ယမန်​နေ့ညကတည်းကထုတ်ပြန်ထားသည်။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်-BDF က
​ညောင်​လေးပင် မြို့အဝင် အာဏာသိမ်းစစ်​ကောင်စီလပ်​အောက်ရှိရဲစခန်းမှ စစ်​ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး​သေဆုံး​အောင် တိုက်ခိုက်လိုက်​ကြောင်း ဇွန် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မန္တ​လေးမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဇွန် ၂၂ ရက်တွင် တိုက်ခိုက်စီးနင်းခဲ့သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ယမန်​နေ့ညကတည်းကထုတ်ပြန်ထားသည်။
“ယနေ့ည( ၈း၃၀ )ခန့် ပဲခူးပြည်သူကာကွယ်ရေးတပ် BDF မှ စတင်လှုပ်ရှားပြီ။မန္တလေး ကိုထိလို့ ပဲခူးပြည်သူကာကွယ်ရေးတပ် BDF ကြွပေးပြီ။ညောင်လေးပင်နဲ့ ပြွန်တန်ဆာ ကြား က စစ်ခွေးတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ သွားကြည့်ကြပါအုံး ။
-ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF” ဟု ယမန်​နေ့ညကတည်းက ထုတ်ပြန်ထားသည်။

ယ​နေ့နံနက် ​တောက်ဆက်တွဲထုတ်ပြန်ချက်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး​သေဆုံးခဲ့ခြင်းမှာ BDF က​ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook