Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်နံရံကို ဖြိုပြီး အစာဝင်ရှာခဲ့တဲ့ တောဆင်ရိုင်းကြီး

မီးဖိုထဲမှာ အစားအစာတွေ မရှိပေမယ့် ဆင်ကြီးက ဆားတွေထည့်ထားတဲ့ အိုးကိုတော့ ယူဆောင်သွားတယ်လို့ ရတ်ချာဒါဝမ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူနေဧရိယာတွေနဲ့ သစ်တော ဧရိယာတွေ နီးကပ်လာတဲ့ နေရာတွေမှာ ဆင်နဲ့ လူတွေကြား ပဋိပက္ခ ဖြစ်နိုင်တဲ့ အနေအထားတွေ ပိုပြီး ကြုံတွေ့လာရပါတယ်။

ထိုင်းနိုင်ငံမှာ ဆာလောင်နေတဲ့ တောဆင်ရိုင်း တစ်ကောင်က အုတ်နံရံကို ဖြိုပြီး အိမ်တစ်လုံးထဲ အစာဝင်ရှာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ပရာချူရပ် ခီရီခန် ဒေသမှာ နေထိုင်တဲ့ ရတ်ချာဒါဝမ် ပွမ်ပရာဆွတ်ပွမ်ဆိုတဲ့ အမျိုးသမီးဟာ သန်းခေါင်ကျော် အချိန်လောက်မှာ အိမ်နောက်ဖေးက ဆူဆူညံညံ အသံတွေကြောင့် လန့်နိုးသွားခဲ့ပါတယ်။

ရတ်ချာဒါဝမ်က တခြား အိမ်သားတွေနဲ့အတူ သွားပြီး စစ်ဆေးကြည့်တဲ့အခါ မီးဖိုချောင် အခန်းက နံရံ ပြိုကျနေပြီး အာရှဆင်ကြီး တစ်ကောင်က ဟိုဟိုဒီဒီ မွှေနှောက်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ နံရံကလည်း ပြီးခဲ့တဲ့လမှာ ဆင်တစ်ကောင် ဝင်တိုက်လို့ ပြိုကျထားတဲ့အတွက် ယာယီ ပြင်ဆင်ထားတာပါ။

ဆင်ကြီးက နှာမောင်းကို အသုံးပြုပြီး ကြောင်အိမ်တံခါးတွေကို ဆွဲဖွင့်ပြီး စားစရာ ရှာနေတာကို တွေ့ခဲ့ကြောင်း ရတ်ချာဒါဝမ်က ပြောပြပါတယ်။ သူ့အိမ်နားမှာ အရင်ကတည်းက တောဆင်ရိုင်းတွေ သွားလာ လှုပ်ရှားတာ တွေ့နေကျဖြစ်ကြောင်း၊ ဒါပေမဲ့ အိမ်ထဲထိ ဝင်လာတာကိုတော့ ပထမဆုံး ကြုံဖူးတာဖြစ်ကြောင်း အမျိုးသမီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မီးဖိုထဲမှာ အစားအစာတွေ မရှိပေမယ့် ဆင်ကြီးက ဆားတွေထည့်ထားတဲ့ အိုးကိုတော့ ယူဆောင်သွားတယ်လို့ ရတ်ချာဒါဝမ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူနေဧရိယာတွေနဲ့ သစ်တော ဧရိယာတွေ နီးကပ်လာတဲ့ နေရာတွေမှာ ဆင်နဲ့ လူတွေကြား ပဋိပက္ခ ဖြစ်နိုင်တဲ့ အနေအထားတွေ ပိုပြီး ကြုံတွေ့လာရပါတယ်။

အထူးသဖြင့် ကောက်ရိတ်သိမ်း ရာသီတွေမှာဆိုရင် ဆင်ရိုင်းတွေက လူနေ ဧရိယာတွေနား ပိုမိုလာရောက်တတ်ပြီး အစာရှာတတ်ကြတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။