Connect with us

Hi, what are you looking for?

နိုင်ငံတကာ

WWII နောက်ပိုင်း ပထမဆုံးအဖြစ် မဟာမိတ် သင်္ဘောပေါ်ကနေ အမေရိကန် တိုက်လေယာဉ်တွေ စစ်ဆင်ရေးဆင်နွှဲ

အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ F-35B တိုက်လေယာဉ်တွေဟာ ဗြိတိန် ရေတပ်ရဲ့ Queen Elizabeth လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပျံတက်ပြီး အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆင်ရေး ဦးစီးဌာနက ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် (WWII)နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် တိုက်လေယာဉ်တွေဟာ မဟာမိတ် နိုင်ငံတစ်ခုရဲ့ လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်ပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ F-35B တိုက်လေယာဉ်တွေဟာ ဗြိတိန် ရေတပ်ရဲ့ Queen Elizabeth လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပျံတက်ပြီး အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆင်ရေး ဦးစီးဌာနက ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Queen Elizabethဟာ ဗြိတိန် ရေတပ်ရဲ့ အကြီးမားဆုံး၊ ခေတ်အမီဆုံးနဲ့ အသစ်လွင်ဆုံး စစ်ရေယာဉ်ကြီး တစ်စီးလည်း ဖြစ်ပါတယ်။ အမေရိကန် တိုက်လေယာဉ်တွေက မဟာမိတ် လေယာဉ်တင် သင်္ဘောပေါ်ကနေ ပျံတက်ပြီး စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးတာဟာ ၁၉၄၃ ခုနှစ်နောက်ပိုင်း ပထမဆုံးလို့လည်း သိရပါတယ်။ အဲဒီတုန်းက အမေရိကန် တိုက်လေယာဉ်တွေက ပစိဖိတ် တောင်ပိုင်းမှာ ရှိနေတဲ့ ဗြိတိန်ရေတပ် HMS Victoriousကနေ ပျံတက်ခဲ့ကြတာပါ။

Queen Elizabethပေါ်မှာ အမေရိကန်နဲ့ ဗြိတိန်ရဲ့ F-35B စုစုပေါင်း ၁၈ စီး တပ်စွဲထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ပဉ္စမမျိုးဆက် ခေတ်အမီဆုံး တိုက်လေယာဉ်တွေကို သင်္ဘော တစ်စီးတည်းပေါ်မှာ အရေအတွက် အများဆုံး ထားရှိတဲ့ ပမာဏလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ဦးဆောင် တည်ဆောက်ပြီး မဟာမိတ် နိုင်ငံတွေကိုပါ ရောင်းချပေးနေတဲ့ F-35Bတွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်ပျောက် နည်းပညာကို အသုံးပြုထားပါတယ်။ Queen Elizabeth ဦးဆောင်တဲ့ ဗြိတိန် အမှတ် ၂၁ တိုက်ရေယာဉ် အုပ်စုဟာ ကီလိုမီတာ ၃၀၀၀၀ ကျော် ခရီးတာ ရှည်လျားမယ့် ၇ လတာ နယ်လှည့် စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ် တစ်စီးကို ခိုးယူဖို့ ယူကရိန်းနဲ့ ဗြိတိန်တို့ ပူးပေါင်း ကြံစည်ခဲ့ကြောင်း ရုရှား ထောက်လှမ်းရေးဌာန (FSB)က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားကြားက လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားကို ရောက်ရှိလာနေတာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ ကန်တက်ကီ ပြည်နယ်ထဲက ကုန်တင်လေယာဉ် ပျက်ကျမှုဟာ အသေအပျောက် ၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။