Connect with us

Hi, what are you looking for?

နိုင်ငံတကာ

WWII နောက်ပိုင်း ပထမဆုံးအဖြစ် မဟာမိတ် သင်္ဘောပေါ်ကနေ အမေရိကန် တိုက်လေယာဉ်တွေ စစ်ဆင်ရေးဆင်နွှဲ

အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ F-35B တိုက်လေယာဉ်တွေဟာ ဗြိတိန် ရေတပ်ရဲ့ Queen Elizabeth လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပျံတက်ပြီး အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆင်ရေး ဦးစီးဌာနက ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် (WWII)နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် တိုက်လေယာဉ်တွေဟာ မဟာမိတ် နိုင်ငံတစ်ခုရဲ့ လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်ပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ F-35B တိုက်လေယာဉ်တွေဟာ ဗြိတိန် ရေတပ်ရဲ့ Queen Elizabeth လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပျံတက်ပြီး အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆင်ရေး ဦးစီးဌာနက ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Queen Elizabethဟာ ဗြိတိန် ရေတပ်ရဲ့ အကြီးမားဆုံး၊ ခေတ်အမီဆုံးနဲ့ အသစ်လွင်ဆုံး စစ်ရေယာဉ်ကြီး တစ်စီးလည်း ဖြစ်ပါတယ်။ အမေရိကန် တိုက်လေယာဉ်တွေက မဟာမိတ် လေယာဉ်တင် သင်္ဘောပေါ်ကနေ ပျံတက်ပြီး စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးတာဟာ ၁၉၄၃ ခုနှစ်နောက်ပိုင်း ပထမဆုံးလို့လည်း သိရပါတယ်။ အဲဒီတုန်းက အမေရိကန် တိုက်လေယာဉ်တွေက ပစိဖိတ် တောင်ပိုင်းမှာ ရှိနေတဲ့ ဗြိတိန်ရေတပ် HMS Victoriousကနေ ပျံတက်ခဲ့ကြတာပါ။

Queen Elizabethပေါ်မှာ အမေရိကန်နဲ့ ဗြိတိန်ရဲ့ F-35B စုစုပေါင်း ၁၈ စီး တပ်စွဲထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ပဉ္စမမျိုးဆက် ခေတ်အမီဆုံး တိုက်လေယာဉ်တွေကို သင်္ဘော တစ်စီးတည်းပေါ်မှာ အရေအတွက် အများဆုံး ထားရှိတဲ့ ပမာဏလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ဦးဆောင် တည်ဆောက်ပြီး မဟာမိတ် နိုင်ငံတွေကိုပါ ရောင်းချပေးနေတဲ့ F-35Bတွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်ပျောက် နည်းပညာကို အသုံးပြုထားပါတယ်။ Queen Elizabeth ဦးဆောင်တဲ့ ဗြိတိန် အမှတ် ၂၁ တိုက်ရေယာဉ် အုပ်စုဟာ ကီလိုမီတာ ၃၀၀၀၀ ကျော် ခရီးတာ ရှည်လျားမယ့် ၇ လတာ နယ်လှည့် စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။