Connect with us

Hi, what are you looking for?

News

မန္တလေးပစ်ခတ်မှု စစ်ကောင်စီလက်ချက်ဖြင့်သေဆုံးခဲ့သူများအနက် အရပ်သားလေးဦးပါဝင်

ယမန်နေ့က ဖြစ်ခဲ့သည့် မန္တလေးမြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၎င်း၏မိတ်ဖက်အဖွဲ့မှလည်း ၅ဦးသေဆုံးကာ ၆ဦးဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

မန္တလေးမြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများအနက် ၄ဦးမှာ စစ်ကောင်စီ ထုတ်ပြန်သကဲ့သို့ လက်နက်ကိုင် များမဟုတ်ဘဲ မန္တလေးသို့ အလည်သွားသည့် အရပ်သား တအာင်းလူမျိုးသုံဦးနှင့် တရုတ်လူမျိုး တစ်ဦးတို့ ဖြစ်ကြောင်း သေဆုံးသူများ၏မိသားစုနှင့် နီးစပ်သူ တစ်ဦးက People’s Springသို့ ပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်ခု၌ ရှိသော မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဇွန်လ ၂၂ရက် နံနက်က ဝင်ရောက်စီးနင်း၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်တည်း ၅၃ လမ်းပေါ်တွင် မော်တော်ယာဉ် တစ်စီးက လုံခြုံရေးတစ်ဖွဲ့ဝင်များကို ပစ်ခတ်၍လိုက်လံဖမ်းဆီးရာ ထရန်စဖော်မာကို တိုက်မိပြီး ယာဉ်ပေါ်ပါ လေးဦးလုံးသေဆုံးသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ဦး အပါအဝင် ၈ဦးသေဆုံးပြီး ၈ဦး ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ ထိုသို့ ထုတ်ပြန်ရာတွင် သေဆုံးသူများကို အကြမ်းဖက်သူများဟု စစ်ကောင်စီက ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း မော်တော်ယာဉ်ပေါ်၌ သေဆုံးသူ ၄ဦးသည် မိုင်းဝီးနှင့် သီပေါမြို့နယ်မှ ဖြစ်ကြောင်း၊ စဉ့်ကိုင်တွင် ကြက်ခြံလုပ်ငန်းလုပ်ဆောင်နေသူများ ဖြစ်ပြီး မန္တလေးသို့ အလည်လာပြီး အပြန် စစ်ကောင်စီတပ်များနှင့် တွေ့ဆုံကာ ယခုကဲ့သို့ လိုက်လံ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသွားသူများ၏ မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

အဆိုပါ သေဆုံးသူများ၏ ဓာတ်ပုံနှင့် ထရန်စဖော်မာ ကို တိုက်မိသည့် မော်တော်ယာဉ် ဓာတ်ပုံတို့ လူမှုကွန်ရက်၌ ပြန့်နှံ့ခဲ့၍ ဖြစ်စဥ်ကို မိသားစုကသိရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူများ၏ ရုပ်အလောင်း ရရှိရန် မိသားစုက ကြိုးပမ်းနေသော်လည်း ယနေ့ ဇွန်လ ၂၃ရက် နေ့လည်ပိုင်းထိ ပြန်မရသေးဟုလည်း အဆိုပါ အမျိုးသားက ပြောသည်။

ယမန်နေ့က ဖြစ်ခဲ့သည့် မန္တလေးမြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၎င်း၏မိတ်ဖက်အဖွဲ့မှလည်း ၅ဦးသေဆုံးကာ ၆ဦးဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ