Connect with us

Hi, what are you looking for?

News

မြစ်ကြီးနား ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်၊ ရဟတ်ယာဉ်နှစ်စီး လှည့်လည်နေ

“အသံကြားနေရတယ်။ ဗလမင်းထင်ရဲ့ ဟိုဘက် စုပေါင်းဂိတ်မှာလိုလို အသံကြားနေရတယ်။ ရဟတ်ယာဉ် နှစ်စီး ဝဲနေတယ်။” ဟု ဒေသခံက ပြောသည်

ကချင်ပြည်နယ် မြစ်ကြီးနား – ၀ိုင်းမော် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီးတွင် ယနေ့ညပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့်အနီးတစ်၀ိုက်လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။

“အသံကြားနေရတယ်။ ဗလမင်းထင်ရဲ့ ဟိုဘက် စုပေါင်းဂိတ်မှာလိုလို အသံကြားနေရတယ်။ ရဟတ်ယာဉ် နှစ်စီး ဝဲနေတယ်။” ဟု ဒေသခံက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း “ မိုင်းနားဘက်က တံတားက စုပေါင်းဂိတ်ကို ပစ်သွားတယ်လို့ ပြောတယ်။ ဟယ်လီကော်ပတာတွေလည်း ပျံနေတာ အခုထိ” ဟု ပြောသည်။

မြစ်ကြီးနားမြို့နယ် တစ်၀ိုက်တွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုလည်းရှိလာပြီဖြစ်ကြောင်း၊ သို့ရာတွင် ယခု ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

“အစကတည်းက ပြောထားသလို လှုပ်ရှားမှုတွေလုပ်လာမယ် လို့ ပြောထားပြီးသားလေ။ စလုပ်လာပြီလို့လည်း ကျွန်တော်က မြင်တယ်။ တကယ်လို့ PDF တွေလှုပ်ရှားရင်လည်း ဒီမှာက KIAရှိပြီးသားဆိုတော့ PDFတွေကလည်း KIA ရဲ့လမ်းညွှန်မှုအောက်မှာ လှုပ်ရှားမယ်လို့ KIA က ပြောဖူးတယ်လေ” ဟု မြစ်ကြီးနားဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့က ဦးဆောင်သည်ဖြစ်စေ လက်ခံကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။