Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနား ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်၊ ရဟတ်ယာဉ်နှစ်စီး လှည့်လည်နေ

“အသံကြားနေရတယ်။ ဗလမင်းထင်ရဲ့ ဟိုဘက် စုပေါင်းဂိတ်မှာလိုလို အသံကြားနေရတယ်။ ရဟတ်ယာဉ် နှစ်စီး ဝဲနေတယ်။” ဟု ဒေသခံက ပြောသည်

ကချင်ပြည်နယ် မြစ်ကြီးနား – ၀ိုင်းမော် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီးတွင် ယနေ့ညပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့်အနီးတစ်၀ိုက်လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။

“အသံကြားနေရတယ်။ ဗလမင်းထင်ရဲ့ ဟိုဘက် စုပေါင်းဂိတ်မှာလိုလို အသံကြားနေရတယ်။ ရဟတ်ယာဉ် နှစ်စီး ဝဲနေတယ်။” ဟု ဒေသခံက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း “ မိုင်းနားဘက်က တံတားက စုပေါင်းဂိတ်ကို ပစ်သွားတယ်လို့ ပြောတယ်။ ဟယ်လီကော်ပတာတွေလည်း ပျံနေတာ အခုထိ” ဟု ပြောသည်။

မြစ်ကြီးနားမြို့နယ် တစ်၀ိုက်တွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုလည်းရှိလာပြီဖြစ်ကြောင်း၊ သို့ရာတွင် ယခု ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

“အစကတည်းက ပြောထားသလို လှုပ်ရှားမှုတွေလုပ်လာမယ် လို့ ပြောထားပြီးသားလေ။ စလုပ်လာပြီလို့လည်း ကျွန်တော်က မြင်တယ်။ တကယ်လို့ PDF တွေလှုပ်ရှားရင်လည်း ဒီမှာက KIAရှိပြီးသားဆိုတော့ PDFတွေကလည်း KIA ရဲ့လမ်းညွှန်မှုအောက်မှာ လှုပ်ရှားမယ်လို့ KIA က ပြောဖူးတယ်လေ” ဟု မြစ်ကြီးနားဒေသခံကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့က ဦးဆောင်သည်ဖြစ်စေ လက်ခံကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

Public Service Announcement

Public Service Announcement