Connect with us

Hi, what are you looking for?

News

အ​ရေး​တော်ပုံ​အောင်မှ အိမ်ပြန်မယ်ဆိုတဲ့ ပိုင်ဖြိုးသု​

ပိုင်ဖြိုးသုသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သောကြောင့် တိမ်း​ရှောင်နေရသည်။

စစ်​ကောင်စီအဖွဲ့ထံ ခံဝန်ထိုးပါက အိမ်တွင်ပြန်နေ၍ အလုပ်လုပ်နိုင်မည်ဆိုသော်လည်း အရေးတော်ပုံအောင်မှသာ အိမ်ပြန်မည်ဟု ရုပ်ရှင်သရုပ်​ဆောင်ပိုင်ဖြိုးသုက ဇွန် ၂၃ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

“ ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်… လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား…မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား… အလုပ်တွေပြန်လုပ်ရမယ်တဲ့လား… တချို့တွေအသက်တွေပေးသွားကြပြီ… တချိူ့တွေ ထောင်ထဲရောက်ကုန်ကြပြီ… တချိူ့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ…သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး… မိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ… သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး… အဲဒီ့လူတွေကိုငါရှက်တယ်… အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ… သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့… အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး” ဟု ပိုင်ဖြိုးသုက ရေးသားထားသည်။

ပိုင်ဖြိုးသုသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သောကြောင့် တိမ်း​ရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။