Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခံရပြီး သေဆုံးမှုများပြီးနောက် စစ်သား ၂၀ ကျော်ထွက်ပြေး အညံ့ခံလာတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို အိုင်ယာလန်နဲ့ ဂျပန် နိုင်ငံရောက် မြန်မာတွေက ဒီကနေ့ (ဒီဇင်ဘာ ၁၄) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

သတင်း

မုံရွာမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပါဝင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ ဆိုင်းဘုတ်တွေထောင် ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သုံးရက်အတွင်း ပြည်သူ ၃ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

လာမယ့်နှစ်ဖေဖော်ဝါရီမှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် စစ်တပ်ထိန်းချုပ်ထားတဲ့ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ​နေရာကို ရွေးကောက်ပွဲလုပ်ဖို့စီစဥ်ရာ စစ်တပ်ကို​ထောက်ခံတဲ့ ခန့်စည်သူ နဲ့ ရန်အောင် တို့က ဝင်အရွေးခံဖို့ရှိတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သတင်းအရင်းအမြစ်အချို့ကပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကိုစစ်ကောင်စီ လေကြောင်း တိုက်ခိုက်တဲ့လုပ်ရပ်ဟာ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေကလည်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲမှာ တော်လှန်သီချင်းသံတွေနဲ့အတူ တော်လှန်ရေးအတွက် သွေးမအေးကြောင်းပြသခဲ့ကြပါတယ်။

သတင်း

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေရဲ့အ​သေးစိပ်စာရင်းကို အာရက္ခတပ်တော်(AA)အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ထုတ်ပြန်လာပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ ဒီကနေ့ (ဒီဇင်ဘာ ၁၃) မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီးအဖြင့် တာဝန်ပေးအပ်မှုအပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တဲ့ အခြေခံပညာရေးဘုတ်အဖွဲ့များကောင်စီ(CBBE) ရဲ့ လုပ်ရပ်ကို မကြေလည်လို့ ကောင်စီကနေ နှုတ်ထွက်ကြောင်း ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သလို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၃ ခုကလည်း CBBEမှာ ကိုယ်စားပြုမှု...

Facebook