Connect with us

Hi, what are you looking for?

သတင်း

ကုလလူ့အခွင့်အရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူးစ် မကြာခင်တာဝန်ပြီးဆုံးမယ်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်အစီရင်ခံစာတင်သွင်းရတဲ့ မစ္စတာတွမ်အန်ဒရူးစ်ဟာ သူ့ရဲ့ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ရာထူးတာဝန် (Special Rapporteur) ၆နှစ်သက်တမ်းဟာ ကုန်ဆုံးတော့မယ်လို့ သိရပါတယ်။

မတ်-၁၆၊ ၂၀၂၆။ People’s Spring

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်အစီရင်ခံစာတင်သွင်းရတဲ့ မစ္စတာတွမ်အန်ဒရူးစ်ဟာ သူ့ရဲ့ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ရာထူးတာဝန် (Special Rapporteur) ၆နှစ်သက်တမ်းဟာ ကုန်ဆုံးတော့မယ်လို့ သိရပါတယ်။

လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ အမေရိကန်နိုင်ငံသား မစ္စတာ တွမ်အန်ဒရူးစ်က မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေတွေကို နောက်ဆုံးတင်သွင်းတာဖြစ်ပြီး စစ်အာဏာရှင်တွေ လက်အောက်က မြန်မာပြည်သူတွေကို ထိရောက်စွာပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မတ်လ ၁၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၆ နှစ်တာ သက်တမ်း ပြည့်မြောက်ခဲ့ပြီးဖြစ်လို့ အဲ့ဒီနေရာမှာ နေရာတစ်ဦးကို ထပ်မံခန့်အပ်လိမ့်မယ်လို့ Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးမှာ ပြဿနာတွေ အများကြီးဖြစ်နေတဲ့ကာလမှာ မြန်မာပြည်က ပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကမ္ဘာမှာ မျက်ခြည်မပြတ်သွားအောင် အမြဲတမ်းမီးမောင်းထိုးပြတဲ့ ကိစ္စကို မစ္စတာတွမ်က ၆ နှစ်အတွင်းမှာ တကယ့်ကိုပဲ အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး၊ အထိရောက်ဆုံးလုပ်သွားနိုင်တယ်လို့ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

အမေရိကန်ကွန်ဂရက်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကာလမှာ စစ်တပ်က မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေစောင့်ကြည့်မှတ်တမ်း တင်ခဲ့သလို ကုလသမဂ္ဂအထွေထွေညီလာခံတွေမှာ အစီရင်ခံစာတွေကို တင်ပြရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့

မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သူဟာ သုတေသနစာတမ်းကြီး၊ စာတမ်းငယ်တွေကို ပြုစုရေးသားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ တရားမျှတမှုရရှိရေးတို့အတွက်လည်း ဖော်ထုတ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က စင်ကာပူ၊ ထိုင်းတို့လို နိုင်ငံတွေက ငွေကြေးစီးဆင်းမှုစနစ်တွေ အသုံးပြုပြီး နိုင်ငံတကာကနေ စစ်လက်နက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု၊မှောင်ခိုပြုလုပ်နေမှုတွေကို အစီရင်ခံစာရေးသားဖော်ထုတ်ခဲ့တယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်ခဲ့ပြီး မစ္စတာတွမ်အန်ဒရူးစ်က ၆ ဦးမြောက်ဖြစ်တယ်လို့ သိရပါတယ်။

အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ