Connect with us

Hi, what are you looking for?

သတင်း

TNLA နဲ့ MNDAA ကို​တွေ့ဆုံ​ဆွေး​နွေးအ​ဖြေရှာဖို့ SRA ​မေတ္တာရပ်ခံတိုက်တွန်း

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်လိုက်ပါတယ်။

မတ်-၂၇၊၂၀၂၆။အိမ်သွင်/People’s Spring

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့မတ်လ၁၄ရက်ကတောင်းဆိုချက်ကို မတ်လ ၁၆ရက်မှာ SRAရဲ့ ​ဖေစ်ဘွခ်စာမျက်နှာကနေထုတ်ပြန်တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ TNLA၊MNDAA နဲ့AA တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကနေ အချင်းချင်းကြား မဟာမိတ်ခိုင်မာမှု၊ အဖိနှိပ်ခံအချင်းချင်း သွေးစည်းညီညွတ်ကြမှုရှိခြင်းတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြတယ်လို့တောင်းဆိုချက်မှာဖော်ပြထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ SRA အဖွဲ့ဝင် တပ်ဖွဲ့​တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ပြီးစစ်အာဏာရှင်စနစ်ကို ချေမှုန်းခွင့်ရခဲ့တဲ့အတွက်အစဉ်အမြဲ ဂုဏ်ယူလျက်ရှိတယ်လို့လည်း​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေခြင်းက သက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုတည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲတော်လှန်ရေးတစုံလုံးအတွက်ပါ အကျိုးသက်ရောက်မှုများစွာ ရှိနေကြောင်းနဲ့ပြည်သူတွေ ယုံကြည်မျှော်လင့်နေကြတဲ့ ပြည်ထောင်စုတခုလုံးရဲ့အကျိုးကို မျှော်ကိုးပြီး အခတွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့​ပေါင်း ဆယ်နဲ့ချီပြီး ရှမ်းပြည်နယ်​မြောက်ပိုင်းတစ်ခုလုံးနီးပါးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။MNDAAက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ကျည်တချက်မ​ဖောက်ရပဲ ပြန်လွှဲပေးခဲ့ရပါတယ်။

TNLAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။​နောင်ချို၊ သီပေါ၊ ကျောက်မဲ၊မြို့တွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်သွားပါတယ်။ မိုးမိတ်၊ မိုးကုတ်မြို့​တွေကို​တော့ တရုတ်ရဲ့ကြားဝင်မှု​ဖြင့် ​​ TNLAနဲ့စစ်တပ်တို့​တွေ့ဆုံ​ဆွေး​နွေးပြီး TNLA ကပြန်လွှဲ​ပေးခဲ့ပါတယ် ။

TNLAနဲ့ MNDAA ဟာ မတ်လ၁၄ရက်နေ့ကစတင်ပြီး ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ တိုက်ပွဲကာလ၃ရက်မြောက်နေ့ဖြစ်ပြီး ကွတ်ခိုင်မြို့ကို MNDAAက ထိန်းချုပ်ထားပါတယ်။ နမ့်ခမ်းမြို့အပါအဝင်TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို MNDAAက ဆက်လက်တိုက်ခိုက်နိုင်ကြောင်းသတင်း တွေထွက်ပေါ်နေပါတယ်။

MNDAAနဲ့ TNLA တိုက်ပွဲဟာ ဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA)ဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက်​နွေဦး​တော်လှန်​ရေးမှာ ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့အစည်း ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့လည်း ချိတ်ဆက်မှု​တွေရှိသလို၊ ​​ဒေသတွင်းတိုင်းရင်းသားလက်နက်ကိုင် (EAO) တွေနဲ့လည်း မဟာမိတ် ပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။