Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ကစစ်ရှောင်နေရာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က ရေရှင်ရွာနဲ့ကြောင်ဆင်းအိုင်ကျေးရွာကြားက စစ်ဘေးရှောင်တွေနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

စစ်တပ်ဗုံးကြဲလို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - တန့်ဆည်-ပအဖ

မတ်-၁၆၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က ရေရှင်ရွာနဲ့ကြောင်ဆင်းအိုင်ကျေးရွာကြားက စစ်ဘေးရှောင်တွေနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

မတ်လ၁၆ရက် ဒီနေ့မနက် ၁၀နာရီ ၊မိနစ်၂၀ခန့်က ရေရှင်ရွာနဲ့ ကြောင်ဆင်းအိုင်ကျေူရွာကြားရှိ စစ်ဘေး ရှောင်တဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၅၁)နှစ်အရွယ် ဒေါ်မာနွယ် သေဆုံးခဲ့တာလို့ သိရပါတယ်။

“ဘာစစ်ရေးမှကိုမရှိတာဗျ။ကျွန်တော်တို့လည်းကြဲသွားမှသိတာ။စစ်ရှောင်တွေ ထိတာပါ့။ဒဏ်ရာရတဲ့သူတော့ စိစစ်ဆဲပါ။ သုံးယောက်လောက်ရှိမယ်။အမျိုးသမီးတဦးက တော့ပွဲချင်းပြီး သေသွားတယ်”လို့ မြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဘေးရှောင်တွေဟာ တန့်ဆည်မြို့ပေါ်ကဖြစ်တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ပြီး ဒေသခံတွေရှောင်တိမ်းခဲ့ရတာ ၂နှစ်ကျော်ရှိပြီး ယနေ့အထိ မြို့ထဲ ပြန်မဝင်နိုင်သေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။