Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA) အောက်ခြေတပ်ဖွဲ့အကြား ပြဿနာဖြစ်ပွားခဲ့မှုကို နှစ်ဖက်တွေ့ဆုံဖြေရှင်းနေပြီး စိုးရိမ်ရတဲ့ အနေအထားမရှိကြောင်း TNLA က ပြောကြားထားပေမယ့် ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးတာ၊ နှစ်ဖက်တပ်တွေ စစ်ရေးပြင်ဆင်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ထံဖေဖော်ဝါရီ ၁၈ရက်မှာ ပူးပေါင်သွားတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေ ရာဇဝတ်ပြစ်မှုကျူးလွန်မှုခဲ့တာတွေကို တိုင်တန်းချက်များ ရှိလို့ အရေးယူဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စာသင်ခန်းအတွင်း ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်ရှင်ခွင့်ပေးဖို့ တော်လှန်ရေးရဲဘော်တွေထံ ငိုယိုတောင်းဆိုတဲ့ ရုပ်သံကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။