Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲ စာသင်ခန်းအတွင်းပုန်းနေတဲ့ စစ်သားတွေက အသက်ရှင်ခွင့်ပေးဖို့ ငိုယိုတောင်းဆိုကောင်းမွန်စွာ လက်နက်ချသူတွေကို တော်လှန်ရေးရဲဘော်တွေ နွေးထွေးစွာကြိုဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စာသင်ခန်းအတွင်း ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်ရှင်ခွင့်ပေးဖို့ တော်လှန်ရေးရဲဘော်တွေထံ ငိုယိုတောင်းဆိုတဲ့ ရုပ်သံကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ−၁၈၊၂၀၂၆။ထားမြတ်/People’sSpring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စာသင်ခန်းအတွင်း ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်ရှင်ခွင့်ပေးဖို့ တော်လှန်ရေးရဲဘော်တွေထံ ငိုယိုတောင်းဆိုတဲ့ ရုပ်သံကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ရက်မှာ မောင်မယ်ရှောင်ကျေးရွာက GTC တပ်စခန်းလို့ အများခေါ်တဲ့ တက္ကသိုလ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ်-ပကဖ DGRF တို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးထိခိုက်များပြားကာ ရဲနဲ့စစ်သား၁၁ဦး အရှင်ဖမ်းမိတာ၊လက်နက် ၁၈လက် သိမ်းရတာ ရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှာ စာသင်ခန်းအတွင်းရှိ မှန်ဗီဒိုထဲဝင်ပုန်းနေတဲ့တပ်သားက တော်လှန်ရေး ရဲဘော်တွေက ဖမ်းမိတာ၊ အခြားစာသင်ခန်းတွေထဲကို လိုက်လံ ရှင်းလင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ နှိုးဆော်တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော့်ကို မသတ်ပါနဲ့နော်အကို။ မသတ်ပါနဲ့ ညီလေးကြောက်လို့ပါ၊ကျနော် အလင်းဝင်ဆို အလင်းဝင်ပါမယ်” လို့ မှန်ဗီဒိုထဲ ဝင်ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြောရာ တော်လှန်ရေးရဲဘော်က မသတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

“ငါတို့ကအရင်ကတည်းကအရှင်မိတာအများကြီးပဲ။ဒီဟာလီကွေ့မှာလည်း ငါတို့အရှင်မိတယ်။ငါတို့မသတ်ဘူး။” လို့လည်း တော်လှန်ရေးရဲဘော်က ပြောဆိုတာ ကြားရပါတယ်။

လက်နက်ချရင် ထိခိုက်သေဆုံးမှု မဖြစ်ဘူးလို့လည်း အသိပေးပါတယ်။ ဒါ့အပြင် တိုက်ပွဲမှာသေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့အလောင်းကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။

အဲဒီနောက် ကျောင်းခန်းအတွင်းကစာသင်ခုံတွေကြားပုန်းနေတဲ့ အခြားတဦးကလည်းငိုယိုပြီးကြောက်ရွံ့ကြောင်းပြောဆိုတာကိုလည်း တွေ့ရပါတယ်။

အခြားအခန်းကိုဆက်လက်ရှင်းလင်းရာ တော်လှန်ရေးရဲဘော်က လက်နက်ချဖို့ပြောဆိုတာကို ကောင်းမွန်စွာလက်ခံလို့ တော်လှန်ရေးရဲဘော်တွေက နွေးနွေးထွေးထွေး ကြိုဆိုတာကိုလည်း တွေ့ရပါတယ်။

လက်မြောက်ပြီးလက်နက်ချလာတဲ့ ရဲတစ်ဦးကို တော်လှန်ရေးရဲဘော်ကလက်ဆွဲနှုတ်ဆက်တာ အခြားတဦးကိုပွေ့ဖွက်တာကိုတွေ့ရပါတယ်။

“အိုခေ လေးစားတယ် အဲဒီလိုဖြစ်ရမယ်။ကြိုက်တယ်ကွာ။ရှိသေးလားခေါ်လိုက်ခေါ်လိုက် အဲဒီလိုဖြစ်ရမယ်” လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

ထို့နောက်တော်လှန်ရေးရဲဘော်တွေဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကကျန်နေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေလက်နက်ချဖို့နှိုးဆော်တာကိုလည်းကြားရပါတယ်။

“အောင်နိုင်သူ၊ ပြည့်စုံ ငါတို့ဒီမှာ ဟေ့ရောင်။” လို့ စစ်သုံ့ပန်းတွေက သူတို့ လူတွေကို အော်ခေါ်သလို တော်လှန်ရေး ရဲဘော်တွေကလည်း “လက်နက်ချအကိုကြီး ငါတို့တက်လာရင်မလွယ်ဘူးချေမှုန်းမှာနော်အကုန်လုံးကို။ကျနော်တို့မတက်လာခင်အကိုတို့အမြန်ဆင်းလာပါ” လို့ ပြောဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ နှိုးဆော်တာကို တွေ့ရပါတယ်။

မောင်မယ်ရှောင်ရွာတိုက်ပွဲအတွင်းမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၂၀ကျော်သေဆုံးတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ၄နာရီ ကြာမြင့်ခဲ့ပြီး GTC တပ်စခန်းအား ယာယီသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးပါတယ်။ ဘုရားမဲစစ်ဆေးရေးဂိတ် ရလုနီးဆဲမှာ စစ်ကောင်စီတပ်စစ်ကူ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကောင်း ဖော်ပြပါတယ်။စစ်ကောင်စီတပ် စခန်း ၂ခု တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၁၉ဦး သေဆုံးခဲ့ပြီး စစ်ကူတက်လာသော စစ်ကြောင်းမှ ထားဝယ်မြိုလုံခြုံရေးကို ဦးဆောင်သော ဗိုလ်မှူးအေးလွင် အပါအဝင် ၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တော်လှန်ရေးနဲ့စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်၊ ရပ်တည် လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲဝင်များ ပြည်သူ့ရင်ခွင်ခုံလှုံ အမြန်ဆုံးပူးပေါင်း ပေးကြဖို့လည်း ဒူရက စစ်ကြောင်းက တိုက်တွန်းထားပါတယ်။

ရုပ်သံ − ဒူရကစစ်ကြောင်း

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။