Connect with us

Hi, what are you looking for?

သတင်း

BNRA စစ်ရေးတာဝန်ခံနဲ့ ထိပ်ပိုင်းတာဝန်ယူထားတချို့ပျောက်နေ၊ ၎င်းတို့နဲ့အဆက်အသွယ်ရှိသူ​တွေလုံခြုံ​ရေးသတိပြုဖို့PDF​တွေအကြံပြု

BNRAအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီနဲ့ပူးပေါင်းသွားပေမယ့်BNRAအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ယူထားသူအချို့ နဲ့တပ်ဖွဲ့ဝင်အချို့သတင်းအစအနပျောက်နေသလိုလက်နက်တွေနဲ့ ထွက်ပြေးနေသူတွေလည်းရှိလို့ အဆက်အသွယ်ရှိဖူးသူ​တွေလုံခြုံ​ရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနေပါတယ်။

စစ်တပ်နဲ့​ပူး​ပေါင်းသွားတဲ့ ဗိုလ်နဂါး။ဓါတ်ပုံ-စစ်​ကောင်စီ

​ဖေ​ဖော်ဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

BNRAအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီနဲ့ပူးပေါင်းသွားပေမယ့်BNRAအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ယူထားသူအချို့ နဲ့တပ်ဖွဲ့ဝင်အချို့သတင်းအစအနပျောက်နေသလိုလက်နက်တွေနဲ့ ထွက်ပြေးနေသူတွေလည်းရှိလို့ အဆက်အသွယ်ရှိဖူးသူ​တွေလုံခြုံ​ရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနေပါတယ်။

BNRAနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် နဲ့ ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေဖြစ်ပြီး ဖေဖော်ဝါရီလ၁၈ရက်နေ့ညနေက ဗိုလ်နဂါးနဲ့အတူ စစ်ကောင်စီ ပူး​ပေါင်းသွားတယ်လို့ စစ်​ရေးသတင်းရင်းမြစ် ၃ ဦးက​ပြောပါတယ်။

“ကိုဖြိုးနဲ့ ကိုလတ်ပျောက်နေတယ်။ ကိုလတ်က စစ်ရေးတာဝန်ခံ။ သူတို့ဆီမှာ လက်နက်တွေရှိနေတယ်။ စစ်တပ်ဆီ ပူးပေါင်းသွားတာမှာ သူတို့ပါတယ်လို့ ယူဆပေမယ့် ညက စစ်တပ်ထုတ်ပြန်ချက်မှာ သူတို့အကြောင်းမပါဘူး။ လွတ်နေသေးရင် အန္တရာယ်ကြီးတယ်။ သူတို့နဲ့ဆက်စပ်ခဲ့တဲ့သူတွေ တော်တော်လေးသတိထားကြဖို့လိုတယ်”လို့ ယင်းမာပင်ခရိုင်က PDF ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား​တော်လှန်​ရေးသမားနှစ်ဦးကလည်း ကိုလတ်နဲ့ကိုဖြိုးတို့ဟာ စစ်တပ်နဲ့ပူး​ပေါင်းသွားတာဖြစ်လို့ သူတို့နဲ့ ဆက်သွယ်​​ပြောဆိုထားသူ​တွေကိုစစ်တပ်က​ခြေရာခံနိုင်တာ​ကြောင့် လုံခြုံ​ရေးအထူးသတိထားဖို့ အကြံပြုပါတယ်။

ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးရဲ့ ယောက်ဖဖြစ်ပြီး BNRAရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်နဂါးက ကိုဖြိုးရဲ့ နှမကို ယူထားတာဖြစ်ပါတယ်။

ကိုလတ်ဆိုသူကတော့ ကရင်ပြည်နယ်ဘက်က‌နေ ပုလဲနယ်ကို ရောက်လာပြီး ဗိုလ်နဂါးဦး ဆောင်တဲ့ BNRAမှာ စစ်ရေးတာဝန်ခံရာထူးယူထားသူဖြစ်ပါတယ်။ ကိုလတ်ဟာ တော်လှန်ရေးကာလအစောပိုင်းက ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ ‌သေဆုံးတဲ့ စစ်ကောင်စီအရာရှိအချို့ရဲ့ ဘက်တံဆိပ်တွေနဲ့ရာထူးသတ်မှတ်ပေးထားတဲ့ကြယ်ပွင့်တွေကို ဖိနပ်မှာတပ်ပြီး ဓါတ်ပုံရိုက်လေလံတင်ရာကနေငွေကြေးအမြောက်အမြားရရှိခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော်လှန်ရေးရန်ပုံငွေတွေနဲ့ပတ်သက်ပြီး အငြင်းပွားရာကနေ ဗိုလ်နဂါးဆီ ရောက်လာသူဖြစ်ပါတယ်။

စစ်တပ်က ၁၀၂၇ စစ်ဆင်​ရေးအတွင်းမှာ ရှမ်းပြည်နယ်​မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ဗိုလ်ချုပ်အချို့ကို​တောင် ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်မ​ပေးခဲ့ပဲ ဗိုလ်နဂါးကို ကြ ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွားတဲ့အ​ပေါ် ပြည်သူအများစု​မေးခွန်းထုတ်​နေကြပါတယ် ။

စစ်တပ် က နဂါး ကိုရဟတ်ယာဥ်နဲ့ လာခေါ် တာ ကဟာ PDF​တွေက မိသွားရင် နဂါး နဲ့ စစ်တပ် ဆက်သွယ်ခဲ့တာ တွေ၊ စစ်တပ်ကြိုးကိုင်ထားတဲ့NUG နဲ့ ​တော်လှန်​ရေး အပုပ်ချ ကန်ပိန်း​တွေ၊ တတိယအုပ်စု ထဲ ကစစ်တပ်လူတွေ နဲ့ ချိတ်ဆက် လုပ်ဆောင်တာ တွေ ကို သက်သေ နဲ့တကွ မိမှာ စိုးလို့ လာခေါ်တာလို့ ယူဆတယ်လို့ စစ်​ရေးသတင်းရင်းမြစ်တဦးက​သုံးသပ်ပါတယ်။ စစ်​ကောင်စီအတွက် ဗိုလ်နဂါးဟာတန်ဖိုးရှိတဲ့ ရင်းမြစ်ဖြစ်​နေတယ်လို့ သူကဆက်​ပြေပါတယ်။

​ဖေ​ဖော်ဝါရီ၁၈ရက်ညကစစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနဲ့ ၎င်း၏ မိသားစုဝင်တွေ အလင်းဝင်လာတယ်လို့ပဲဖော်ပြထားပါတယ်။ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေအကြောင်း ဖော်ပြထားခြင်းမရှိပါဘူး။ဗိုလ်နဂါးနဲ့ နောက်လိုက် ၁၅ဦးခန့်ကို စစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

BNRA တပ်ဖွဲ့ဝင်အချို့ဟာ လက်နက်အပ်ပြီး PDFထံ ပူးပေါင်းလာသူ တွေလည်း ရှိပါတယ်။BNRA တပ်ရင်းမှူး ဗိုလ်မျက်လုံး၊တစ်ကိုယ်တော်သုဘရာဇာနဲ့ ဒေါင်းညိုတို့ကိုလည်း PDFတွေက ထိန်းသိမ်းထားပါတယ်။ စုစုပေါင်းအင်အား၁၅၀ခန့် လက်နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးနေသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေးဆောင်ရွက်နေတယ်လို့ ယင်းမာပင်ခရိုင်က PDF သတင်းရင်းမြစ်ကပြောပါတယ်။ ဒီနေ့မနက် အစောပိုင်း ၁နာရီခန့်မှာ BNRA တပ်ဖွဲ့ဝင် ၆ဦးဟာ ဆားလင်းကြီးမြို့နယ်ထဲကို လက်နက်တွေနဲ့ထွက်ပြေးလာလို့ PDFတွေကလိုက်လံရှာ‌​ဖွေနေပါတယ်။

ထွက်ပြေးနေတဲ့သူတွေ လာရောက်ပူးပေါင်းပြီးလက်နက်ချဖို့နဲ့ လက်ခံထားတဲ့သူတွေကိုအရေးယူမယ်လို့ NUG အစိုးရအနေနဲ့ တရားဝင်ကြေညာ
ချက်ထုတ်ပြန်ဖို့ ဒေသခံတွေကတောင်းဆို​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။