Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်ကိုင်းတိုင်းမှာ​​ပေါ်တာဆွဲလာသူ​တွေကို နမခ ထဲကိုပို့

စစ်မှုထမ်း အပတ်စဥ် ၂၂ အတွက် စစ်ကိုင်းတိုင်းထဲမှာ ပေါ်တာဆွဲခံရသူတွေ အနောက်မြောက်တိုင်းစစ် ဌာနချုပ်(နမခ)ထဲရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

(​စစ်တပ်က စစ်သားသစ်အတွက် အဓမ္မစု​ဆောင်းခံရသူအချို့ကို နမခအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့ )

■လက်ကျိုး​နေသူ ၊မသန်စွမ်းဖြစ်​နေသူ၊ ဥာဏ်ရည်မပြည့်သူ ၊အသက်မပြည့်​သေးသူ​တွေကိုပါ စစ်တပ်က အဓမ္မစု​ဆောင်းလာ

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။မိုမို/Peoples Spring

စစ်မှုထမ်း အပတ်စဥ် ၂၂ အတွက် စစ်ကိုင်းတိုင်းထဲမှာ ပေါ်တာဆွဲခံရသူတွေ အနောက်မြောက်တိုင်းစစ် ဌာနချုပ်(နမခ)ထဲရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မုံရွာ၊ကန့်ဘလူ၊ကလေး၊ဟုမ္မလင်း အစရှိတဲ့ မြို့နယ်တွေက အမျိုးသားတွေကို စစ်တပ်က နည်းမျိုးစုံအသုံးပြုပြီး ဖမ်းဆီးလာတာလို့လည်း စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“တချို့က လမ်းမှာ စစ်လို့ တွေ့ရင်း ဖမ်းခံရတာ။တချို့ကကြ စစ်ကြောင်းထိုးရင်ဖမ်းဆီးပြီးပါလာတယ်”လို့ ဖြစ်စဥ်ကို သိရှိသူကပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့သူတွေကို လက်ရှိမှာ ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်က စစ်သင်တန်းကျောင်းကို ပို့မယ်လို့ သိရပါတယ်။

“ကိုယ့်သားအရွယ်တွေပါလာလို့ ပြောပြရတာပါ။၁၄ နှစ်အရွယ်လည်းပါတယ်။နောက်လက်ကျိုးနေတဲ့သူတွေပါပါလာတယ်။ခန္ဓာမစုံတဲ့သူတွေကတော့ သုံးယောက်လောက်တွေ့တယ်။ပြီးတော့ဥာဏ်ရည်မပြည့်တာ တစ်ယောက်။ရသမျှ ဆွဲလာရတဲ့အခြေ အနေ။သိက္ခာကျတယ် “လို့နမခတပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အကောင့်တချို့ကလည်း စစ် မှုထမ်းအပတ်စဥ် ၂၂ ကို ဖွင့်ဖို့ပြင်ဆင်နေတယ်လို့လည်း ဒီကနေ့(ဖေဖော်ဝါရီ ၁၈ ရက်) ဖော်ပြထားပါတယ်။

စစ်တပ်ဟာ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီကစစ်မှု ထမ်းဥပဒေကို ပြဌာန်းခဲ့ကာ အပတ်စဥ်တစ်ခုမှာ အမျိုး သား ၅၀၀၀ ကို စုဆောင်းခဲ့တာကြောင့် လက်ရှိမှာ လူငယ်တွေနဲ့ အမျိုးသားတစ်သိန်းကျော်ကိုဟ စစ်တပ်ကစု​ဆောင်းခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်းတပ်သားတွေကို စုစည်းပြီးနောက်ပိုင်း နိုင်ငံ့အနှံ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်ကို ထိုးစစ်ဆင်နေပါတယ်။ထိုးစစ်တွေမှာ သေဆုံးသူအများစုက စစ်မှု ထမ်းတပ်သားတွေ ဖြစ်တယ်လို့လည်း မြေပြင် က တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အဓမ္မတပ်သားသစ်အဖြစ်မစုဆောင်းခံရဖို့ နဲ့စုဆောင်းခံရပြီးရင်လည်း အသက်အသေမခံဘဲ ထွက်ပြေးကြဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။လက်ရှိမှာလည်း အဓမ္မစစ်သားသစ်စု​ဆောင်းခံတဲ့ လူငယ်​တွေဟာ ​ရှေ့တန်းပို့ခံရချိန်မှာ ထွက်​ပြေးတာ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်တာ ၊ ​သေဆုံးဒဏ်ရာရတာ​ စတာ​တွေလည်းအများအပြားရှိ​နေပါတယ်။

အခုလက်ရှိ သင်တန်းဆင်း စစ်မှုထမ်းတပ် သားသစ်အများစုကို တပ်မ ၃၃ နဲ့ တပ်မ ၉၉ ဆီကိုပို့နေတယ်လို့ တပ်တွင်းသတင်ရင်းမြစ်တွေက လူထုနွေဦးကိုပြောထားပါတယ်။

စစ်ကိုင်း၊မကွေးတိုင်း နဲ့ ရခိုင် ပြည်နယ်ကို မကြာမီ ထိုးစစ် အရှိန်မြှင့်ဖို့ ပြင်ဆင်နေတာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ