Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါး စစ်တပ်ထံအလင်းဝင်ဟု စစ်တပ်ထုတ်ပြန်

BNRA ​ခေါင်း​ဆောင်ဗိုလ်နဂါး ​ခေါ် နိုင်လင်းဟာလက်နက်၊ခဲယမ်းများနဲ့အတူ အာဏာသိမ်းစစ်တပ်ထံအလင်းဝင်တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာ​တွေက သတင်းဓါတ်ပုံနဲ့​တကွထုတ်ပြန်ပါတယ် ။

(ဓါတ်ပုံ-စစ်​ကောင်စီ)

■စစ်တပ်ကနဂိုကတည်းကသူမြှုပ်ထားတဲ့အပင်းကို သူတို့ဘာသာ ပြန်နှုတ်သွားခြင်းသာဖြစ်တယ်လို့ PDF ဒုတိယစစ်ဦးစီးအရာရှိချုပ်​ပြော

​ဖေ​ဖော်ဝါရီ-၁၈၊၂၀၂၆။People’s Spring

BNRA ​ခေါင်း​ဆောင်ဗိုလ်နဂါး ​ခေါ် နိုင်လင်းဟာလက်နက်၊ခဲယမ်းများနဲ့အတူ အာဏာသိမ်းစစ်တပ်ထံအလင်းဝင်တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာ​တွေက သတင်းဓါတ်ပုံနဲ့​တကွထုတ်ပြန်ပါတယ် ။

ဗိုလ်နဂါးနဲ့အတူမိသားစုဝင်​တွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဗိုလ်နဂါးက ​သေနတ် ၆ လက်၊ ခဲယမ်း​တွေနဲ့အတူ စစ်တပ်ထံ ပူး​ပေါင်းသွားတာကို စစ်တပ်ထုတ်ပြန်ချက်မှာ​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်က ဗိုလ်နဂါးဟာ အလင်းဝင်တယ်လို့ထုတ်ပြန်​ပေမယ့် သတင်းဓါတ်ပုံမှာ ဗိုလ်နဂါးဟာ ပစ္စတိုကိုခါးမှာချိတ်ထားတာ​ကြောင့် အရင်ကတည်းကစစ်တပ်နဲ့ ဗိုလ်နဂါး ကြားယုံကြည်မှုရှိပြီးသား၊အဆက်အသွယ်ရှိပြီးသားဆိုတာပြဆို​နေတာလို့ပြည်သူ​တွေက​ပြော​နေကြပါတယ် ။

“လက်နက်အပ်တယ်သာပြောတာခါးမှာဗျောက်ထိုးထားသေးတယ်။ လိမ်​နေတာ သေသေသပ်သပ်လုပ်ကြပါကွာ”လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

People’s Spring စုံစမ်းချက်အရ ဗိုလ်နဂါး ၊မိသားစုဝင်​တွေနဲ့ ၎င်း​နောက်လိုက်အချို့ကို စစ်တပ်က ​ဖေ​ဖော်ဝါရီ ၁၈ ရက် ည​နေပိုင်းမှာစစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွားတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ၊စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဖြစ်တဲ့​ဒေါက်တာစိုးသူရ​ဇော်က”တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်ကြတာကို စကမက ကြားထဲက ဒိုင်စားခြင်း မဟုတ် ။နဂိုကတည်းက သူတို့ မြှုပ်ထားတဲ့အပင်း ကို သူတို့ဘာသာ ပြန်နှုတ်သွားခြင်းသာလျှင်ဖြစ်တယ်။” လို့ ဗိုလ်နဂါး စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဖြစ်ရပ်အ​ပေါ် လူမှုကွန်ယက်မှာ​ရေးသားထားပါတယ် ။

PDF အထူးတိုင်းစစ်ဌာန၊ကွပ်ကဲ​ရေးမှူး ရဲ​ဘော်​အောင်စံရှားကလည်း “တော်လှန်ရေး လှေဦးပေါ့သွားတာပေါ့။” လို့ ဗိုလ်နဂါး စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့အ​ပေါ် ​ပြောပါတယ် ။

ဆက်စပ်သတင်းများ