Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာအထည်ချုပ်စက်ရုံမီးလောင်မှု ၁၀နာရီကျော်ကြာအထိ မီးငြှိမ်းသတ်နေရ

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကိုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − MFSD

▪️မီးသတ်တပ်ဖွဲ့က ည၈ နာရီ ၅၈မိနစ်မှာ မီးငြိမ်းဟု လိမ်လည်ထုတ်ပြန်

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

” အသင်းပိုင်မီးသတ်ရေစုပ်စက်ပြန်ချပြီး ရှေ့တန်းမီးလောင်ပြင်နေရာ စာမျက်နှာဖွင့်ပြီး ပြန်ဝင်ပေးနေတယ်။ မီးခိုးကလုံးနေတော့ အထဲထိ တော်တော် တိုးနေရ”လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက ည ၉နာရီကျော်မှာ ရေးသားထားပါတယ်။။

အခြားပရဟိတအသင်းတွေရဲ့ပေ့ခ်ျတွေမှာလည်း ည ၁၀နာရီကျော်သည်အထိ မီးလောင်မှုကိုငြှိမ်းသတ်နေရဆဲဖြစ်တဲ့အကြောင်း တိုက်ရိုက်လွှင့်ပြီး အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမီးလောင်မှုကို မြေပြင်မှာ လက်ရှိအချိန်အထိ ငြှိမ်းသတ်နေရတဲ‌ဖြစ်ပေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ဖေ့စ်ဘွတ်ခ်မှာတော့ ည ၈နာရီ ၅၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။

မီးသတ်တပ်ဖွဲ့က Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်‌ တွေနဲ့ အနီးပတ်ဝန်းကျင်ကို မကူးစက်အောင် နေ့လည် ၁ နာရီ ၄၀မိနစ်ကတည်းက ထိန်းနိုင်ခဲ့ပေမယ့် အထည်ချုပ်စက်ရုံဖြစ်တာကြောင့် လောင်စာအားကောင်းတာဖြစ်ပါတယ်။

မီးသတ်တွေအနေနဲ့လည်း မီးခိုးတွေကြောင့် ဝင်ရောက်ငြှိမ်းသတ်ဖို့ ခက်ခဲတာတွေရှိတယ်လို့ ‌ မြေပြင်မှာရောက်နေတဲ့ လူမှုကူညီ‌ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးလောင်တဲ့ စက်ရုံက M-Brother ဖြစ်ပြီး အလုပ်သမားနှစ်ဦးသေဆုံးသွားတာ အတည်ပြုနိုင်တယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ဒီနေ့‌ နေ့လည်က အသိပေးထားပါတယ်။

မီးလောင်ချိန်ကြာမြင့်သလို မီးငြှိမ်းတဲ့ရေတွေထဲကနေ မီးသတ်နေရတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ခြေထောက်တွေ အပူလောင်တာတွေရှိတယ်လို့ မီးသတ်တစ်ဦးက ပြောပါတယ်။

ဒီနေ့(ဖေဖော်ဝါရီ၁၈) နေ့လည် ၁၂ နာရီကျော်ကတည်းက စလောင်ခဲ့တဲ့ မီးလောင်မှုမှာ မီးသတ်တွေအပါအဝင် လူမှူကူညီရေးအသင်းတွေလည်းပါဝင်ငြှိမ်းသတ်နေပြီး ပြည်သူတွေလည်း မီးလောင်မှုမှာပါဝင်ကူညီသူတွေအတွက် အစားအသောက် ၊ ရေ ၊ အချိုရည်တွေ ကူညီပေးတယ်လို့ မျှဝေထားကြပါတယ်။

(ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကိုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − MFSD)

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။