သတင်း ကြို့ပင်ကောက်နယ်က ရွာတရွာကို စစ်ကောင်စီ ဒရုန်းနဲ့ဗုံးကြဲလို့ ဆယ်တန်းကျောင်းသား သေဆုံး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတရွာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ကျောင်းသားတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း စစ်အုပ်စုက နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီးပြော မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း ပုသိမ်-မုံရွာကားလမ်းပိုင်း လုံခြုံရေးအတွက် ပိုမိုတင်းကြပ်သွားမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန် ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ အရပ်သားကားပုံစံနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် လမ်းပိုင်းလုံခြုံရေးကို ပိုမို တင်းကြပ်သွားတော့မယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် United States Of Burma Army-USBAက သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း တမိုင်တောင်စခန်းက ဆုတ်ခွာပြီး ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KNLA ထပ်မံတိုက်ခိုက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က တမိုင်တောင်စစ်ကောင်စီတပ်စခန်းက ထွက်ပြေးပြီး တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်နေ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား တထောင်ခန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း တွင်းမရွာက စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက် မကွေးတိုင်း၊မြိုင်မြို့နယ်က ပျူစောထီးအားကောင်းရာ တွင်းမရွာက စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး လက်နက်တလက်ရတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၂၉ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း စစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFM တောင်းဆို ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့ မှုတွေ လိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း ကျောက်မဲနဲ့နောင်ချို နေရာ ၅ ခုမှာ တိုက်ပွဲဖြစ်နေ ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေး အမေရိကန်နဲ့ တောင်ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း အုတ်ဖိုမြို့နယ်က စစ်ကောင်စီရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စုက စစ်ကောင်စီခန့်ရာအိမ်မှူးမြင့်အောင်ဆိုသူကို နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025