Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကြောင်းစိုးမိုးဖို့ စစ်တပ် စစ်ကြောင်းထိုး

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း တွေ့ရတဲံ စစ်ကောင်စီတပ် သင်္ဘောတွေ။ ဓာတ်ပုံ- WLT

ဒီဇင်ဘာ၂၇၊၂၀၂၅၊ရှိန်း/People’s Spring

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်ပြီး အထိနာနေတဲ့ စစ်တပ်ဟာ ဗန်းမော်မြို့ အောက်ဘက်က မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ် ရေကြောင်းကိုစိုးမိုးဖို့ကြိုးစားနေတယ်လို့ ဒေသခံနဲ့ တော်လှန် ရေးတပ်တွေက‌ ပြောပါတယ်။

လက်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ် အနောက်ဘက် မြစ်ကြောင်းကို သင်္ဘောတွေနဲ့ စစ်ကြောင်းထိုး နေသလို ရှိမ်းမကားရွာက စစ်တပ်ကလည်း မြောက်ဘက်က အင်ဒေါင်းကျေးရွာဘက်ကို နယ်မြေချဲ့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာလည်း ကျောက်မြောင်းတပ် ခလရ(၁၂)တပ်ရင်းက ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုး လှုပ်ရှားလာပေမယ့် မနေ့က တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“အဓိကကတော့ သူတို့(စကစ)က ဒီမြစ်ကြောင်းစိုးမိုးဖို့ လုပ်နေတယ်လို့ သုံးသပ်ရပါတယ်။မတ္တရာနယ်ကိုလည်း စစ်ကြောင်းထိုးတယ်။စဉ့်ကူးမြို့နယ်မှာလည်း ထုံးကြီးကိုထိုင်ထားတယ်။စဉ့်ကူးလည်းသိမ်းထားပြီ နောက်ထပ်လည်း သပိတ်ကျင်းကလည်းမြစ်ကမ်းဘေးဆိုတော့ ဒီမြစ် ကြောင်းကို စိုးမိုးဖို့ကြိုးစားနေတယ်”လို့ ဝက်လက်မြို့နယ်အခြေစိုက်တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့ ဘောလုံးကွင်းအတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကလည်း ဟောင်ဝစ်ဆာနဲ့ မြစ်ကမ်းဘေး ကျေးရွာတွေကို ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကနေတဆင့် ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က ရေကြောင်းက နေအင်အားပို့ လေ့ရှိပြီး ဇူလိုင်လက စစ်ကူပို့ချိန်မှာ စစ်သင်္ဘောတွေပျက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook