Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်မှာ ကျေးရွာအတွင်းပြန်ဝင်သူတွေကို စစ်တပ်က ရွာလုံးကျွတ်ပြောင်းရွေ့ခိုင်း

မန္တလေး၊မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်သိမ်းတဲ့ ကျေးရွာတွေကို ပြန်ဝင်တဲ့ ပြည်သူတွေကို ၆ရက်အတွင်းရွာလုံးကျွတ်ပြောင်း‌ရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေကို မတ္တရာမြို့နယ် ပကဖ က ဆန်၊ ဆီနဲ့ အဝတ်အထည်တချို့ ထောက်ပံ့နေစဉ်။ ဓာတ်ပုံ - မတ္တရာ ပကဖ

ဒီဇင်ဘာ၂၇၊၂၀၂၅၊ရှိန်း/People’s Spring

မန္တလေး၊မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်သိမ်းတဲ့ ကျေးရွာတွေကို ပြန်ဝင်တဲ့ ပြည်သူတွေကို ၆ရက်အတွင်းရွာလုံးကျွတ်ပြောင်း‌ရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ၂၆ ရက် ရက်စွဲနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ရှမ်းရိုးမတောင်တန်းနဲ့ နီးတဲ့ အုန်းလွတ်၊ တောင်ကောင်း၊တောင်နီ ကျေးရွာတွေ အပါအဝင် အနီးနားက တောင်ပေါ်ကျေးရွာတွေကို ကျောက်ဆည် လေးရွာနဲ့ အနီးတဝိုက် မြေပြန့် ကျေးရွာတွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဇန်နဝါရီလ၁ ရက်မှာ အပြီးပြောင်းရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့သိရပါတယ်။

“အုန်းလွတ်၊ကြာပင်ရွာတွေရဲ့ အရှေ့မှာက တောင်တန်းရှိတယ်။တောင်တန်းရဲ့ ဟိုဘက်မှာကရှမ်းပြည်ရှိတယ်။ တော်လှန်ရေး သမား တွေအဲ့ဘက်က နေဝင်ပြီး တော့ ခြုံခိုတိုက်လို့ရတဲ့ နေရာလည်းဖြစ်ပြီး စကစက လှုပ်ရှားတာ တွေအကုန်လုံးကို အုန်းလွတ်ရွာထဲက ပြည်သူ တွေ တော်လှန်ရေးနယ်ပယ်ဘက်ကို သတင်း ပေးမှာကိုစိုးရိမ်လို့ ကြိုတင်ရွေ့ခိုင်းတယ်လို့ အကြမ်းဖျင်းသိထားရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က ဩဂုတ်ကနေ နိုဝင်ဘာအတွင်းမှာ သိမ်းယူသွားပြီးနောက် ဒေသခံပြည်သူ သိန်းနဲ့ချီကာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီနောက်စစ်တပ်က ကျေးရွာတွေအတွင်းဝင် ပြန်ဝင်ရောက်ဖို့ခေါ်ခဲ့ရာ မတ္တရာအရှေ့ခြမ်းမှာ စုစု ပေါင်း ဒေသခံ ၂၀,၀၀ ခန့်ပြန်လည်ဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook