Connect with us

Hi, what are you looking for?

သတင်း

မုံရွာအမြောက်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အို တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကံပြားကျေးရွာကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ထုလို့ မုံရွာ-အမြင့်လမ်းဘက်ကကျေးရွာတစ်ရွာမှာ ထိခိုက်ခဲ့သော ပြည်သူတစ်ဦးအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

ဒီဇင်ဘာ-၂၇၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကံပြားကျေးရွာကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ အမှတ်(၅၀၈) အမြောက်တပ် (အမတ-၅၀၈)ကနေ စစ်ရေးလှုပ်ရှားမှုမရှိဘဲနဲ့ ကံပြားကျေးရွာ အတွင်းသို့ လက်နက်ကြီး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ (၇၀)၀န်းကျင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“အသက် ၆၀ ၀န်းကျင် အမျိူးသမီးတစ်ဦး နဖူးရှပ်ထိတယ်။ အသက် ၁၇ ၀န်းကျင် အမျိူးသားတစ်ဦး ၀မ်းဗိုက်ရှပ်ထိတယ်။ အသက် ၃၀၀န်းကျင် အမျိုးသားတစ်ဦး ခြေထောက် ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်”လို့ အထက်ပါအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးထိမှန်လို့ ထိခိုက်ဒဏ်ရာရသူတွေဟာ ဒီကနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေပိုင်းမှာပဲ မုံရွာမြို့နယ်၊ မအူရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်က လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်လို့ သက္ကယ်ကျင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မုံရွာမြို့နယ်က စစ်ကောင်စီစခန်းတွေဟာ လက်နက်ကြီးတွေနဲ့ မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် မုံရွာ-အမြင့်လမ်းဘက်ကကျေးရွာတွေမှာ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။