Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ KIA ပူးပေါင်းတပ်တန်ပြန်ထိုးစစ် တတိယ​နေ့ ဆက်လက်ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ မြို့ခံတွေရဲ့ နေအိမ်တွေ။ ဓာတ်ပုံ - Banmaw Scout Team

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

“ဗန်းမော်ဘက်မှာကတော့ တိုက်ပွဲက ဆက်ပြီးမှ အရှိမြင့် ပြင်းထန်နေပါတယ်။ ခလရ ၄၇သိမ်းတယ်ဆိုတာကတော့ အတည်ပြုပေးလို့ မရသေးပါဘူး” လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူ က ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည်မှာပြောပါတယ်။

စစ်ကောင်စီတပ်က အခုနှစ် ဩဂုတ်လဆန်းမှာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ပြီး ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာကို ခုခံတိုက်ခိုက်နေတဲ့ KIAက ဒီဇင်ဘာ ၂၅ရက်မနက်က စပြီးစစ်မျက်နှာများစွာနဲ့ တန်ပြန် ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပထမနေ့ နဲ့ ဒုတိယ နေ့မှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဗျူဟာမှူး အပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။

Public Service Announcement

Public Service Announcement

KIA ထိုးစစ်ဆင်နေတဲ့ ခလရ(၄၇) တပ်စခန်း ၊ အမှတ်(၆၄၁) စစ်လက်နက်ပစ္စည်းတပ်ခွဲနေရာ အပါအဝင် ဗန်းမော်မြို့ စစ်ကောင်စီ လက်ကျန် တပ်နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

“ပြင်းထန်နေတယ်။ မထူးသေးဘူး။ ၄၇၊ ၆၄၁ အကုန်မရသေးဘူး”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း “၄၇ အကုန်လုံးပြီးစီးတာတော့ မဟုတ်ဘူး။ အသာစီးတော့ ရနေတယ်လို့တော့ သိရတယ်” လို့ ခလရ(၄၇) တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

KIAပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ် ပထမနေ့မှာ ပူးပေါင်းတပ်ရဲ့ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စနခ(၆၄၁) တပ်ရင်းမှူးနဲ့ ဒုရင်းမှူး ၂ဦးလုံး သေဆုံးခဲ့သလို တိုက်ပွဲ ဒုတိယနေ့ မှာလည်း ခလရ(၄၇) တပ်ရင်းမှာ ကွပ်ကဲနေတဲ့ ဗျူဟာမှူး လည်း အသေခံဒရုန်းကြောင့် သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

အခြား သတင်းရင်းမြစ် တစ်ဦးကလည်း ခလရ(၄၇)တပ်ရင်း စိုးမိုးထားတဲ့ ကုန်းမဟတ်ကျရီချောင်းတံတားအား စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီး ပြီး ဒီဇင်ဘာ ၂၅ ရက်ကတည်းက ဆုတ်ခွာသွားဟု လူမှုကွန်ရက်မှာ ရေးသားထားပြီး ဗန်းမော်မြို့တွင်းထိ လမ်းပြန်ပွင့်သွားပြီလို့ အသိပေးထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းနိုင်ရေး ၂၀၂၄ ဒီဇင်ဘာ လဆန်း ကတည်းက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီးတိုက်ပွဲ ၁နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။