Hi, what are you looking for?
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ-၆၊၂၀၂၅၊မေ/People’s Spring မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကစစ်ဘေးရှောင်ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ဒေသခံ တွေကပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး အောင်ချမ်းသာ(ခ)ရွာသာယာရွာ က ပြည်သူတွေစစ်ဘေးရှောင်တွေဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ “စစ်ဘေးရှောင်ဆိုတော့သက်ကြီးရွယ်အိုတွေရော၊အပျိုတွေရော၊ကလေးတွေ ရော၊ယောကျာ်းသားတွေရော အကုန် ပေါ့။ဒါစစ်ကြောင်းထိုးရင် သူတို့ဒိုင်းကာ လုပ်လာနိုင်တယ်”လို့ဒေသခံတဦကပြောပါတယ်။ စက်တင်ဘာလ၄ရက် နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မကျီးကုန်းရွာဘက်ကို...
အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်းက ယနေ့ (စက်တင်ဘာ ၆ရက်)တွင် ၎င်း၏ လူမှုကွန်ရက်၌ အသိပေးခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်လိုအပ်မှုကို ပြောကြားခဲ့ဟု အသိပေးသည်။