Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးထပ်ကြဲ၊ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသူနှင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

စက်တင်ဘာ-၆၊ ၂၀၂၅။ ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က နတ်မောက်မြို့နယ်၊ ရုံးပင်ကွတ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့လို့ လူနေအိမ်ပေါ်ကျရောက်ပြီး အသက် ၄၀ အရွယ် ဦးဇော်ထွန်းဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် ၎င်းရဲ့သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးမှာလည်း လက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသူနှင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

“တစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးတယ်။ နောက်ထပ်နှစ်ယောက်ကတော့ ဆေးရုံရောက်သွားပြီ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဩဂုတ် ၂၄ ရက် ညပိုင်းကလည်း လဲဘူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စ​က်တပ်လေထီးနဲ့ ထပ်ပြီးဗုံးချတိုက်ခိုက်လို့ အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူမှာ နေရာတင်သေဆုံးပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook