Connect with us

Hi, what are you looking for?

သတင်း

သင်္ဃန်းညီ​နောင်ရှိခြေမြန်တပ်ရင်းနှစ်ရင်းကိုစစ်ကောင်စီတပ် ပြန်သိမ်း

တော်လှန်​ရေးအင်အားစု​တွေ သိမ်းယူထားခဲ့တဲ့ မြ၀တီမြို့နယ်၊ သင်္ဃန်းညီ​နောင်အ​ခြေစိုက် ခမရ (၃၅၅)နဲ့ ခမရ (၃၅၆)တပ်ရင်းတွေကို စစ်​ကောင်စီတပ်က မနေ့ စက်တင်ဘာ ၅ ရက်​ ည​နေပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်ဒေသရှိစစ်​ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

စက်တင်ဘာ – ၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

တော်လှန်​ရေးအင်အားစု​တွေ သိမ်းယူထားခဲ့တဲ့ မြ၀တီမြို့နယ်၊ သင်္ဃန်းညီ​နောင်အ​ခြေစိုက် ခမရ (၃၅၅)နဲ့ ခမရ (၃၅၆)တပ်ရင်းတွေကို စစ်​ကောင်စီတပ်က မနေ့ စက်တင်ဘာ ၅ ရက်​ ည​နေပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်ဒေသရှိစစ်​ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

အင်အားရာချီပါဝင်တဲ့ စစ်​ကောင်စီတပ်ရဲ့​အောင်​ဇေယျစစ်​ကြောင်းဟာ စက်တင်ဘာ၅ရက်​မနက်​အ​စောပိုင်းကအာရှလမ်းမကြီးရဲ့​တော​နော်​ရေတံ ခွန်နားက​နေတဆင့် မြဝတီမြို့နယ် အတွင်းကွင်းက​လေး​ကျေးရွာကို စစ်​ကြောင်းထိုး၀င်​ရောက်လာခဲ့ပြီး အတွင်းကွင်းက​လေး က​နေတဆင့် အပြင်ကွင်းက​လေးရွာဘက်ကို စစ်​ကြောင်းဆက်ထိုးလာခဲ့တာပါ။

အဲဒီနောက်အပြင်ကွင်းက​လေးက​နေတဆင့်သင်္ဃန်းညီ​နောင်က ခမရ (၃၅၅)နဲ့ ခမရ(၃၅၆)တပ်ရင်း​တွေကိုမနေ့ ည​နေပိုင်းမှာ စစ်​ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဃန်းညီနောင်ဟာ မြဝတီမြို့အဝင်မှာရှိတာဖြစ်ပါတယ်။

သင်္ဃန်းညီနောင်ဒေသကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မတ်လ ၇ရက်က စတင်ထိုးစစ်ဆင်ပြီး ဧပြီ ၅ရက်နေ့မှာ သိမ်းပိုက်ထိမ်း ချုပ်ခဲ့တာပါ။

သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ(၃၅၅) စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၉ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး(KNU)က ထုတ်ပြန်ထားခဲ့ပါတယ်။

“​ပေးလိုက်ရပြီ ၃၅၅ နဲ့ ၃၅၆ ​ရော၊(အင်အား)များတယ်”လို့ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက ​ပြောပါတယ်။

မြဝတီမြို့စောင့်တပ် ခလရ(၂၇၅)ကတဆင့် ထိုးတက်လာတဲ့ စစ်ကြောင်းက ပွင့်သွားပြီး သင်္ဃန်းညီနောင်ဘက်ရောက်လာတာအပြင် အာရှလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကြောင့်ရော ရဲဘော်တွေ အထိနာမှာစိုးလို့ ကော်ဘရာစစ်ဆင်ရေးမှူးဗိုလ်မှူး ဒါဘောက ဆုတ်ခွာပေးခဲ့တာလို့ ကော့ကရိတ်ဒေသက People’s Spring ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ညီနောင်မှာ သူတို့ထိုင်နေပြီ ၊အကုန်ပွင့်သွားတဲ့သဘောပဲ၊အခုလောက်ဆို မြဝတီရောက်နေရော့မယ်၊အခုဝေါလေကလက်နက်ကြီးတွေနဲ့ အဆက် မပြတ်ထုနေတယ်”လို့မနေ့ ညပိုင်းက အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

အာရှလမ်းမကြီးပေါ်က တောနော်ရေတံခွန်နားမှာ ပိတ်ဆို့ခံထားရတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဖောက်ထွက်လာပြီး မြဝတီမြို့နယ်ထဲရောက်လာတာဖြစ်ပါတယ်။

၂၀၂၄ခုနှစ် ၊ ဧပြီလက ​မော်လမြိုင်က​နေ မြဝတီကို လေးရက်နဲ့ အရောက်ချီတက်မယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဒေါနတောင်ပေါ်မှာ ရက်ပေါင်း ၅၀၀ လောက် ပိတ်မိနေတာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ သြဂုတ်လက အင်အားထပ်ဖြည့် ပြီး ရက်ပေါင်း ၉၀ အတွင်းမြဝတီ ကိုအရောက်သွားကာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်သိမ်းမယ်ဆိုပြီး စစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအနေဖြင့် အဆိုပါတိုက်ပွဲတွင် စစ်ရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ ဂုဏ်သိက္ခာအရသော်လည်းကောင်း ကြီးမာစွာ ထိခိုက်လျက်ရှိနေကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

သတင်း

မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

သတင်း

သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ(၃၅၅) စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ မျက်မြင် ၁၉ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအားစီစစ်ဆဲဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။