Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မီးရှို့မှုကြောင့် စစ်ရှောင်နေရသည့် မြင်းခြံခရိုင်မှဒေသခံများ စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများလိုအပ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးကျေးရွာများ မီးရှို့ဖျက်ဆီးနေ၍ စစ်ရှောင်နေရသည့် ဒေသခံများ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု မြင်းခြံခရိုင်အတွင်း ကူညီရေးလုပ်ဆောင်နေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးကျေးရွာများ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − Zero ပြောက်ကျားတပ်

စက်တင်ဘာ−၆၊ ၂၀၂၅။ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးကျေးရွာများ မီးရှို့ဖျက်ဆီးနေ၍ စစ်ရှောင်နေရသည့် ဒေသခံများ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု မြင်းခြံခရိုင်အတွင်း ကူညီရေးလုပ်ဆောင်နေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တံစိုးရွာ၊ မာန်လည်ရွာ၊ လက်ဝဲကျေးရွာအပါအဝင် ဒေသတွင်းကျေးရွာများရှိ ပြည်သူလူထုနေအိမ်များကို ဩဂုတ်လအတွင်းက မီးရှို့ခဲ့ပြီး ယခု စက်တင်ဘာပထမပတ်တွင်လည်း တစိုးကျေးရွာကို ထပ်မံမီးရှို့ခဲ့ဟု ဆိုသည်။

“တစိုး၊မာန်လည်၊လက်ဝဲ ရွာကြီးသုံးရွာပြောင်တယ်။ အဲဒီရွာတွေရဲ့အုပ်စု အောက်က ရွာတွေလည်း အရှို့ခံရတယ်။တစိုး၊ မာန်လည်၊ လက်ဝဲက ရွာကြီးတွေ” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကဩဂုတ်လမှစ၍ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ရန်ကြောင့် ဒေသခံများမှာ ညဘက်တွင် တောထဲ အိပ်ပြီး နေ့တွင် ရွာ၌ နေရသည့် အခြေအနေများဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

မြင်းခြံအခြေစိုက် Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ဩဂုတ် ၂၆ရက် သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ် တံစိုးရွာ၊ မာန်လည်ရွာ၊ ကျောက်ဆည်ရွာ၊ သဲတောရွာ၊ လက်ဝဲရွာ၊ ချင်းယားရွာ၊ ကံယားရှည်ရွာ၊ လက်သစ်ပုဂံရွာ၊ မြင်းခြံမြို့နယ် ကံဆင့်တောင်ရွာ၊မြောက်ရွာ၊ဗလုံကျေးရွာများရှိပြည်သူ့ နေအိမ်အမြောက်အများကို မီးရှို့ဖျက်ဆီါ်ပြီး ဆန်စပါး၊ ဆီ၊ စားသောက်ကုန်များကို စားသုံးမရအောင် ရေတွင်း ရေကန်များထဲ သွန်ချခြင်း၊ မြေပြင်တွင်ဖြန့်ကြဲ၍ ဒီဇယ်များ လောင်းချခဲ့ခြင်း ပြုလုပ်ခဲ့ဟု ဖော်ပြသည်။

ထို့ပြင် ဩဂုတ် ၁၀ရက်မှ ၂၄ရက်အတွင်း စစ်ကြောင်းဝင်သော ကျေးရွာများတွင် မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊မိခင်ကလေးငယ်များကိုပါ မီးရှို့သတ်ဖြတ်ကာ အလောင်းများကို စွန့်ပစ်ခဲ့ခြင်းတို့အား လူမဆန်စွာ လုပ်ဆောင်ခဲ့ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် စစ်ကြောင်းထိုးရာ မြင်းခြံခရိုင် တပ်ရင်းများ ၊ ပကဖများ၊ မဟာမိတ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook