Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွှတ်မပေးဘဲ စိတ်ချရသည့်ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ဟု AAစစ်ဦးစီးချုပ်ပြော

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်းက ယနေ့ (စက်တင်ဘာ ၆ရက်)တွင် ၎င်း၏ လူမှုကွန်ရက်၌ အသိပေးခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်လိုအပ်မှုကို ပြောကြားခဲ့ဟု အသိပေးသည်။

ကိုထိန်လင်းနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ လူမှုကွန်ရက်မှတဆင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Kim Aris

စက်တင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်းက ယနေ့ (စက်တင်ဘာ ၆ရက်)တွင် ၎င်း၏ လူမှုကွန်ရက်၌ အသိပေးခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်လိုအပ်မှုကို ပြောကြားခဲ့ဟု အသိပေးသည်။

“မကြာသေးခင်ကအာရကန်တပ်တော်ရဲ့ဗိုလ်ချုပ်ကြီးထွန်းမြတ်နိုင်ကိုတွေ့ဆုံခဲ့ပါတယ်၊သူကမေ့မေ့ကို အထူးလေးစားကြောင်း၊မေမေ့ကျန်းမာ ရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလိုခိုင်ခိုင်မာမာပြောခဲ့ပါတယ်”ဟုကိုထိန်လင်းကရေးသားထား သည်။

၎င်းအနေဖြင့်လည်း AAက အချိန်တိုအတွင်း ရရှိခဲ့သည့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ်ရင်ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုပိုမိုသိရှိနားလည်ခဲ့ရတယ်။ သူတိုရဲ့ကြံ့ကြံ့ခံဇွဲရှိသည်းခံမှုတွေဟာမြန်မာနိုင်အနှံမှာအတူတကွလက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို မြင်ပါတယ်။ကျွန်တော်တို နှစ်ဦး ယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိဖို၊ တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီဖို၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖိုသဘောတူခဲ့ကြပါတယ်”ဟု ကိုထိန်လင်းက ပြောသည်။

မတရားအကျဉ်းချခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာ၍ စိုးရိမ်ကြောင်း အရေးပေါ် ကြေညာချက်ကို ဒေါ်အောင်းဆန်စုကြည်​၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက မနေ့က (စက်တင်ဘာ၅ရက်)တွင် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူနှင့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တွေ့ဆုံမှု အခြေအနေနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် လည်း ၎င်းရေးထားသည့် သူပုန်ဖြူကဗျာစာအုပ်ကို ကိုထိန်းလင်းထံ လက်ဆောင်အဖြစ် ပေးပို့ခဲ့သည်။

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ရခိုင်ပြည်နယ် မြို့နယ် ၁၇ခုအနက် ၁၄ခုကို အပြီးသတ် သိမ်းပိုက်ထားနိုင်သလို ချင်းပြည်နယ် ပလက်၀ကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့သည်။

လက်ရှိတွင်လည်း စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များ သိမ်းပိုက်နိုင်သကဲ့သို့ ပဲခူး၊ မကွေး၊ ဧရာ၀တီ တိုင်းများတွင်လည်း စစ်ရေးဖော် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။