သတင်း ထိုင်းက အင်တာနက် ဖြတ်တောက်ထားပေမယ့် Starlinkသုံးပြီး နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ ဆက်လည်ပတ်နေ ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ တော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon(GBK PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း PDFနှင့်ပကဖများပူးပေါင်းထားသောဧရာဝတီပူးပေါင်းစစ်ကြောင်းကစစ်သင်္ဘောများကိုတိုက်ခိုက် စစ်သင်္ဘောနစ်မြုပ်မှုရုပ်သံပြသ၊စစ်သား ၅ ဦးသေ၂၁ ဦးထိခိုက်ဒဏ်ရာရဟု NUGထုတ်ပြန် ludunwayooဇူလိုင် 23, 2025
သတင်း စစ်သင်္ဘောအုပ်စုထီးချိုင့်ရောက်လာ၍ ဗန်းမော်ခရိုင်မြစ်ကမ်းဘေးရှိပြည်သူများ အရေးပေါ် ပြောင်းရွေ့ကြရန် PDFတပ်ရင်း(၁) သတိပေး မန္တလေးမြို့မှဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ထီးချိုင့်မြို့ကို ရောက်ရှိလာပြီဖြစ်၍ ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းဘေးရှိပြည်သူများ အရေးပေါ် ပြောင်းရွေ့ကြရန် ဗန်းမော်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)က ယနေ့(ဇူလိုင်၂၂ရက်) ညပိုင်းတွင် ထုတ်ပြန် သည်။ ludunwayooဇူလိုင် 23, 2025
သတင်း ဆားလင်းကြီးမြို့နယ်ပကဖဘဏ္ဍာရေးတာဝန်ခံ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ludunwayooဇူလိုင် 23, 2025
သတင်း မန္တလေးမြို့အနီးတိုက်ပွဲတွေဖြစ်နေချိန် မြို့ပေါ်မှာစစ်သားစုဆောင်းနေ မန္တလေးနန်းတွင်းကနေ ၁၅ မိုင်ခန့်အကွာအဝေးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ် အတွက် လူအင်အားစုဆောင်းဖို့ ရပ်ကွက်တွေမှာ မဲနှိုက်စေတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကသိရပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများအရေး ကုလလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို SAC-M ကြိုဆို မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ဆုံးချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ကြိုဆိုကြောင်း ဇူလိုင် ၇ရက်တွင် ထုတ်ပြန်သည်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့အင်ဒိုနီးရှားဖက်ရှင်ဒီဇိုင်နာကိုလွတ်ငြိမ်းခွင့်ပေးပြီးပြည်နှင်ဒဏ်ပေး မတရားအသင်းဆက်သွယ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုစွပ်စွဲချက်တွေနဲ့စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်တာခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ၊ အွန်လိုင်းမှာ လူသိများသူ အမျိုးသားဟာ အခုအခါ ပြန်လည် လွတ်မြောက်လာပြီး ဇာတိနိုင်ငံ ပြန်ရောက်နေပြီလို့ သိရပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်သင်္ဘောတွေပစ်ခတ်လို့ ဝက်လက်အရှေ့ခြမ်းက ကျေးရွာမီးလောင် မန္တလေးမြို့ကနေ စစ်သင်္ဘော၆စီး အထက်ပိုင်းကိုထပ်မံဆန်တက်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဝက်လက်မြိုနယ်အရှေ့ခြမ်းက အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 23, 2025