Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေပစ်ခတ်လို့ ဝက်လက်အရှေ့ခြမ်းက ကျေးရွာမီးလောင်

မန္တလေးမြို့ကနေ စစ်သင်္ဘော၆စီး အထက်ပိုင်းကိုထပ်မံဆန်တက်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဝက်လက်မြိုနယ်အရှေ့ခြမ်းက အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​စစ်သင်္ဘောတွေပစ်ခတ်လို့ ဝက်လက်မြိုနယ်အရှေ့ခြမ်းက အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Wetlet IM

ဇူလိုင်-၂၂၊၂၀၂၅၊မေ/People Spring

မန္တလေးမြို့ကနေ စစ်သင်္ဘော၆စီး အထက်ပိုင်းကိုထပ်မံဆန်တက်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဝက်လက်မြိုနယ်အရှေ့ခြမ်းက အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဒီနေ့ (ဇူလိုင်၂၂ ရက်)မနက်ပိုင်းမှာ စစ်သင်္ဘော ခြောက်စီးဆန်တက်ခဲ့ပြီး ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်အတွင်းကို စတင်ရောက်လာတယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောတွေမှာ တိုက်ခိုက်ရေးယာဉ်၂စီးနဲ့ တွဲတွန်း ဖလပ်ကုန်တင်သင်္ဘော ၄စီးပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

​စစ်သင်္ဘောတွေပစ်ခတ်လို့ ဝက်လက်မြိုနယ်အရှေ့ခြမ်းက အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ – Wetlet IM

“လက်နက်ကြီးတွေနဲ့ မတ္တရာမြို့နယ်ထဲကတည်းက ပစ်နေတယ်။ညနေ ၃နာရီ လောက်ကလက်နက်ကြီးကျပြီးအင်ဒေါင်းရွာမီးလောင်နေတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအကုန်ရှောင်တိမ်းနေကြတာမို့ မီးလောင်ဆုံးရှုံးတဲ့ အရေ အတွက်နဲ့ ထိခိုက်သေဆုံးသူ ရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အခု စစ်သင်္ဘောတွေဟာ ဇူလိုင် ၁၇ရက်က ​ဂေါဝိန်ဆိပ်ကမ်းက စထွက်သွားတဲ့ စစ်သင်္ဘော အုပ်စု ၁၇စီးနောက်ကို စစ်ကူထပ်လိုက်တာဖြစ်နိုင်သလို သပိတ်ကျင်းမြို့ကို ရေကြောင်းကနေပါ ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ခန့်မှန်းထားပါတယ်။

စစ်သင်္ဘောတွေဆန်တက်ချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေနဲ့ ဆန်တက်လေ့ရှိတာမို့မြစ်ကမ်းအနီးကျေးရွာတွေ စတင်တိမ်းရှောင်နေကြရပြီလို့ ​​ဒေသခံအချို့က​ ပြောပါတယ်။

ဇူလိုင် ၁၇ရက် က ဆန်တက်ခဲ့တဲ့ စစ်သ​င်္ဘာအုပ်စုကို စစ်ကောင်စီ‌‌က လေယာဉ်ပစ်ကူ ပေးကာ ဒေသခံ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဝက်လက်မြိုနယ်အရှေ့ခြမ်းကပြည်သူ ၂၁ဦး အထိသေဆုံးခဲ့ပါတယ်။

အဲဒီ စစ်သင်္ဘော ​၁၇စီးကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက ဇူလိုင် ၁၉ရက် မှာ တိုက်ခိုက်တာ​ကြောင့် ၁စီးနစ်မြုပ်ပြီး ၃ စီး စက်ခန်းမီး​လောင်ခဲ့တယ်လို့ မန္တ​လေး PDFက ထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook