Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အနီးတိုက်ပွဲတွေဖြစ်နေချိန် မြို့ပေါ်မှာစစ်သားစုဆောင်းနေ

မန္တလေးနန်းတွင်းကနေ ၁၅ မိုင်ခန့်အကွာအဝေးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ် အတွက် လူအင်အားစုဆောင်းဖို့ ရပ်ကွက်တွေမှာ မဲနှိုက်စေတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမြို့မှာစစ်မှုထမ်းအတွက်ရပ်ကွက်နေပြည်သူတွေကို ခေါ်ယူမဲနှိုက်စေပုံ ( ပုံဟောင်း)။ ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

ဇူလိုင် – ၂၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးနန်းတွင်းကနေ ၁၅ မိုင်ခန့်အကွာအဝေးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ် အတွက် လူအင်အားစုဆောင်းဖို့ ရပ်ကွက်တွေမှာ မဲနှိုက်စေတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

ဒီနေ့ (ဇူလိုင်၂၂ ရက်)မှာဆိုရင် အောင်မြေသာစံမြို့နယ်ထဲကသင်္ဘေတန်း၊အမရဋ္ဌာနီအရှေ့၊ ပြည်ကြီးရန်လုံ၊ပုလင်းဝင်း ၊ရုံးသာ၊ရွှေကျင်၊ အိုးဘို၊ အနှိမ်တော်ရပ်ကွက် ၊ အောက်ကမ်းနားလမ်းရပ်ကွက်တွေမှာ မဲနှိုက်ခဲ့ကြတယ်လို့သိရပါတယ်။

ရပ်ကွက်ထဲက လူငယ်တွေ ၊ လူငယ်တွေ ရှိတဲ့မိသားစုတွေကို ရပ်ကွက် ဓမ္မာရုံ၊ ရပ်ကွက်ရုံးတွေမှာ ခေါ်ယူမဲနှိုက်စေတာလို့ မြို့ခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အောင်မြေသာစံမြို့နယ်ထဲကရပ်ကွက်တွေမှာစစ်မှုထမ်းအပတ်စဉ်အလိုက်နာမည်စာရင်းပါသူကိုယ်တိုင်လာရောက်မဲနှိုက်ရမှာဖြစ်သလို၊ ကိုယ်တိုင်မလာရောက်နိုင်ရင်တော့ အိမ်ထောင်စုစာရင်းမှာပါတဲ့အသက် ၁၈ ပြည့်ပြီးသူက ကိုယ်စားမဲနှိုက်ရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ဖိအားပေးထားတယ်လို့သိရပါတယ်။

“သားက အိမ်မှာမရှိလည်း အမေဖြစ်သူလာရမယ်ပြောတယ်၊ မဲပေါက်ရင်တော့ မဖြစ်ဖြစ်အောင် ပြန်ခေါ်ပေးရမယ်တဲ့”လို့ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုလိုမန္တလေးမှာစစ်မှုထမ်းလူသစ်စုဆောင်းတာကို အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ ဘုန်းကြီး ရဲ့ တပည့် ပြည်သူ့စစ် (ပျုစောထီး)တွေက အဓိက လုပ်ကိုင်နေတာလို့ မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်( လပခ) အခြေစိုက် မန္တလေးမှာပျုစောထီးလို့ အရပ်က ခေါ်တဲ့ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပြီး မွေးထုတ်ပေးနေတာကြောင့် ပျုစောထီးအားကောင်းရာ နယ်မြေလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ လပခ ရှိရာ မန္တလေးနန်းတွင်းနဲ့ ၁၅ မိုင် ခန့်သာဝေးတဲ့ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က စစ်တပ်နောက်တန်းစခန်းတွေကို မန္တလေး PDF က ဇူလိုင်လ ၂၀ ရက်မှာ သိမ်းယူထားပါတယ်။

မနေ့က ဆိုရင် စစ်ကောင်စီတပ်က လက်လွှတ်ရတဲ့နေရာတွေပြန်ရဖို့ ဗုံးကြဲ တိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး လေယာဉ်သံတွေ ၊ လက်နက် ကြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ပေါ်ကနေအတိုင်းသားကြားနေရတယ်လို့မြို့ခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။