သတင်း ဖားဆောင်းတွင် နောက်ဆုံးကျန်သော ခလရ(၁၃၅)ကို ကရင်နီတပ်ပေါင်းစု ဆက်လက်ထိုးစစ်ဆင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၅၀ကျော်ပြုလုပ် ludunwayooဇူလိုင် 22, 2025
သတင်း အရာတော်မှာ စစ်တပ်စစ်ကြောင်းကို ဝင်တိုက်ပြီး ဓားစာခံအဖမ်းခံထားရတဲ့ဘုန်းကြီးနဲ့ ပြည်သူတွေကို ကယ်ထုတ် စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာဘုန်းကြီးကျောင်းတပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်အုပ်စုထိခိုက်မှုရှိပြီး ဓါးစားခံ အဖမ်းခံထားရတဲ့ဘုန်းကြီးနဲ့ ပြည်သူတွေကိုကယ်ထုတ်နိုင်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ ludunwayooဇူလိုင် 22, 2025
သတင်း တနင်္သာရီ – မောတောင်လမ်းတိုက်ပွဲမှစစ်သားသုံးဦး KNU တပ်မဟာ(၄) ထံ အလင်းဝင် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားသုံးဦး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ludunwayooဇူလိုင် 22, 2025
သတင်း မတ္တရာမြို့နယ်က စစ်တပ် နောက်တန်းစခန်းတွေကို တော်လှန်ရေးတပ်တွေဝင်တိုက် မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေကပြောပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွေ ဆက်လက်ချီတက်ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့မှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇူလိုင် ၂၀)မှာစစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း မင်းလှမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူရှစ်ဦးထက်မနည်းဖမ်းဆီးထား၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူနေ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်တွေဖောက် ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူနေတယ်လို့ ဒေသခံပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက People's Springကို ပြောပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း အမြန်လမ်းတိုက်ခိုက်မှု ရဲနှစ်ဦး သေဆုံး၊ ရဲကားကို မီးရှို့ဖျက်ဆီး ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။ ludunwayooဇူလိုင် 21, 2025
သတင်း ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေပို့နေလို့ ပြည်သူတွေသတိပြုနေထိုင်ကြဖို့ KNDF သတိပေး ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်က စစ်ကောင်စီတပ်တွေကို လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေ ပို့နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(ဇူလိုင် ၂၀ရက်) သတိပေးထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း သထုံထောင်မှာ NLD ပါတီဝင်နိုင်ကျဉ်း ဆုံးပါး မွန်ပြည်နယ် ၊ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံရထားသူ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင် မနေ့ (ဇူလိုင် ၁၉ ) ရက်မှာဆုံးပါးသွားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (PPNM) ထံကသိရပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း စစ်ကောင်စီ၏ရွေးကောက်ပွဲ တားဆီးရန် စစ်ရေးအရအရေးယူမည်ဟု မွန်တပ်၊ရေးPDFနှင့် ဒေါနတပ်ရင်းတို့ ပူးတွဲသတိပေး စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှား မှုများကို သတင်းအချက်အလက်များရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးတားဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်းတို့က ယနေ့(ဇူလိုင် ၂၀ရက်) တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ludunwayooဇူလိုင် 21, 2025