Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်ပကဖဘဏ္ဍာရေးတာဝန်ခံ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင်-၂၂၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်ပကဖ ဘဏ္ဍာရေးတာဝန်ခံကိုတူးသည်ဇူလိုင်လ၂၁ရက်ညက ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး သတ်ဖြတ်မှုကျူး

လွန်သူကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ညတွင်းချင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ တော်လှန်ရေးနဲ့ မဆိုင်ဘူး။ လူမှုရေးကိစ္စကနေဖြစ်တာ။သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ။တရားခံကိုလည်းဖမ်းထားတယ်” ဟုဒေသတွင်းမှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကိုတူးသေဆုံးမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်ပကဖထံ ဆက်သွယ်သော်လည်း ဖုန်းလိုင်းအခက်ခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

ထို့အပြင်အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကာကွယ်​ရေးဝန်ကြီးဌာ မှတာဝန်ရှိသူထံဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေး​ပေ။

ကိုတူးသည် လူမှုရေးကိစ္စကြောင့် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးခဲ့ကြောင်းကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်ငါးဦးထက်အမနည်းက အတည်ပြုပြောဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ် အမှတ် (၂)ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုဝင်တွေ စခန်းစွန့်ထွက်ပြေးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထီးလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။