Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကချင်းမိုင်တက္ကသိုလ် (CMU)မှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၀ ယောက်ထိ တစ်နေ့တည်းနဲ့တင် ငွေကြေးလိမ်လည်တာ ခံခဲ့ရတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊​တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ အထက်ခပေါင်းဆည်ရေလွှဲတမံ၌ တပ်စွဲထားသည့်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက် ၄ လက် နှင့် စစ်သုံးပစ္စည်းအချို့ရရှိခဲ့သည်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) နှင့် မဟာမိတ်အချင်းချင်းအကြား ဖြစ်ပေါ်ခဲ့သည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံနိုင်ရေးကြိုးပမ်းနေဆဲဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား​ရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

သတင်း

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သတင်း

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

Facebook