Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် တိုက်လေယာဥ်တွေ လေ့ကျင့်ပျံသန်းနေစဥ်။ ပုံဟောင်း

ဇွန်-၆၊၂၀၂၅။ မေ/People Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ၇မိုင် ရှေ့တန်းတနေရာကို တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

“တမနက်လုံး ကြဲနေတာပါ။ တိုက်ပွဲတွေကတော့ ဆက်တိုက်ကိုဖြစ်နေတာပဲ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးနေကာ စစ်ဘေးရှောင်စခန်း တစ်ခုအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း စစ်ကောင်စီတပ်ဟာ တောင်တံရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံအနီးနဲ့ စစ်ဘေးရှောင်စခန်းတစ်ခုအနီးတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မတ္တရာ အရှေ့ခြမ်းကတိုက်ပွဲက မနားတာ နှစ်ဝက် လောက်ရှိပြီ။ စကစဘက်ကလည်း အင်အားတွေ ထပ်တိုးပြီး လေယာဉ်ပစ်ကူနဲ့ စစ်ကြောင်းတွေထိုးနေတယ်”လို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့က သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။