Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်္ဂလန်နဲ့ လီဗာပူး အထင်ကရ ဘောလုံးသမားဟောင်း ကီဗင်ကီးဂန်း ကွယ်လွန်

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Shutterstock

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဇူလိုင် ၂၀ တုန်းက ကီးဂန်း ကွယ်လွန်သွားကြောင်းကို သူ့မိသားစုက ဘောလုံးပရိသတ်တွေဆီ အသိပေး မျှဝေခဲ့ပါတယ်။ ကီးဂန်းဟာ ဇန်နဝါရီလတုန်းက ကင်ဆာရောဂါ နောက်ဆုံးအဆင့် စွဲကပ်နေကြောင်း ဆေးစစ် တွေ့ရှိခဲ့ပြီး အဲဒီကတည်းက ကုသမှုတွေ ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

တိုက်စစ်ကစားသမား ကီးဂန်းဟာ လီဗာပူးနဲ့အတူ တောက်ပတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ဖူးပြီး သူ့မျိုးဆက်ရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ဘောလုံးသမား ဘဝက အနားယူပြီး နောက်ပိုင်းမှာလည်း သူဟာ နည်းပြအဖြစ် နယူးကာဆယ် ယူနိုက်တက်၊ မန်ချက်စတာ စီးတီး အသင်းတွေမှာ ဆက်လက် ကျင်လည်ခဲ့ပါသေးတယ်။

အသက် ၇၅ နှစ် အရွယ်မှာ ကီးဂန်း ကွယ်လွန်သွားတဲ့အကြောင်း ညှိုးငယ်တဲ့ စိတ်နှလုံးနဲ့ အသိပေးလိုကြောင်း မိသားစုက ထုတ်ပြန်ပါတယ်။ သူဟာ ကင်ဆာရောဂါကို အန်တု ရင်ဆိုင်ခဲ့ရကြောင်း၊ သူကွယ်လွန်ချိန်မှာ ဇနီးနဲ့ သမီးတွေက အတူရှိနေပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပရိသတ်တွေက Mighty Mouseလို့ ချစ်စနိုး နာမည်ပေးခဲ့တဲ့ ကီးဂန်းဟာ လီဗာပူးနဲ့အတူ ၆ နှစ်အတွင်း အမှတ်ပေး ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးသလို ဥရောပ ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူဟာ အင်္ဂလန် အတွက်လည်း ၆၃ ပွဲမှာ ၂၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဂျာမနီကလပ် ဟမ်းဘာ့ဂ် အသင်းဆီ ပြောင်းရွှေ့သွားပြီး ဟမ်းဘာ့ဂ်ကို ဂျာမန် အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပါတယ်။ သူဟာ ၁၉၇၈ နဲ့ ၁၉၇၉ ခုနှစ်တွေမှာ ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုအတွက် မဲပေးရွေးချယ် ခံခဲ့ရပါတယ်။

မန်နေဂျာ အနေနဲ့ရော၊ ကစားသမားအဖြစ်ပါ ကီးဂန်း ဖြတ်သန်းခဲ့ဖူးတဲ့ နယူးကာဆယ် အသင်းက ကလပ်အသင်းရဲ့ သမိုင်းကြောင်းမှာ အထင်ကရ အရှိဆုံး၊ အလွှမ်းမိုးနိုင်ဆုံး၊ ချစ်ခင်လေးစား အခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကီးဂန်း ကွယ်လွန်သွားမှု သတင်းကြောင့် အထူး တုန်လှုပ် ဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူး အသင်းကလည်း ကီးဂန်းကွယ်လွန်သွားတဲ့ သတင်းအတွက် အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပါတယ်။ ကီးဂန်းဟာ လီဗာပူးအတွက် ၆ ရာသီအတွင်း ပွဲပေါင်း ၃၂၃ ပွဲကစားပြီး ဂိုး ၁၀၀ သွင်းယူခဲ့သူ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...

နိုင်ငံတကာ

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။