Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၀၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂနဲ့ ဒေသခံပြည်သူတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ (၉)ဦးမက” စာသားပါ ဘန်နာအား ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေ “ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်” စာသားကိုင်ဆောင်ပြီး “စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ယင်းမာပင်မြောက်ခြမ်းလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ကျင်းကြီး ပျူစောထီးကျေးရွာကို တာဝေးပစ်ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့ လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။