ဇူလိုင်-၂၀၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။
အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂနဲ့ ဒေသခံပြည်သူတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ (၉)ဦးမက” စာသားပါ ဘန်နာအား ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေ “ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်” စာသားကိုင်ဆောင်ပြီး “စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ယင်းမာပင်မြောက်ခြမ်းလူထုသပိတ်

















































