Connect with us

Hi, what are you looking for?

သတင်း

ပျူခေါင်းဆောင် သီတာယုမွန် အချင်းချင်းအတိုင်ခံရ၊ တိုင်ချင်ရာတိုင်ဆိုပြီး ထပ်ရမ်းကား

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

(စစ်တပ်လက်​အောက်ခံမြင်းခြံပျူ​စောထီး​ခေါင်း​ဆောင် သီတာယုမွန် နဲ့ ပျူ​စောထီးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-သီတာယုမွန်)

ဇူလိုင်-၂၁၊၂၀၂၆၊ကတ်သရင်း/People’s Spring

မြင်းခြံမြို့ကပျူ​စောထီးခေါင်းဆောင်သီတာယုမွန်ကိုအုပ်ချုပ်ရေးပိုင်းဝင်ရောက်စွက်ဖက်မှု နဲ့ ပျူ​တွေက ပြည်သူကိုမတရားသတ်ဖြတ်မှု တွေကြောင့် စစ်အုပ်စုက ပြန်လည်စစ် ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဇွန်လက ပြုလုပ်ခဲ့တဲ့ မြင်းခြံမြို့ကစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးရွေးချိန်မှာ စစ်တပ်လက်​အောက်ခံ မြင်းခြံပျူ စောထီးခေါင်း ဆောင်သီတာယုမွန်က ကျောင်းတက် နေတဲ့ ကျောင်းသား တွေအထိတ်တလန့်ဖြစ်တယ်ဆိုပြီး လူကြီးရွေးပွဲကော်မတီဝင် ၅ဦးကို ငေါက်ငမ်းတဲ့ ရုပ်သံဖိုင်ကိုလူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။အဲဒီ​နောက် လူကြီး​ရွေးပွဲကော်မတီဝင်ဆိုသူတဦးက လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတာမို့ စစ်ဆေးနေတာလို့ စုံစမ်းသိရပါတယ်။

“ဖြစ်စဉ်မှန်ပါတယ်။ဒါ‌​ပေမယ့်အမှုကဒီအတိုင်းပြီးသွားမယ်ထင်တယ်။ပထမက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုတိုင်တာ။ဘယ်သူမှ အ ရေးမယူရဲလို့ လူ့အခွင့်အရေးကိုတိုင်တာလို့ပြောတယ်။ခေါ်မေးတယ်လို့ တော့ကြားတယ် အဲဒီအမျိုးသမီးက အခုတိုင်ချင်တဲ့ဆီတိုင်ဆိုပြီး ရမ်းကားနေတာ”လို့ မြင်းခြံကဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဇူလိုင်လ ၁၇ ရက်နေ့ကလည်အမှတ်(၅)ရပ်ကွက်မှာ ဦးမင်းကိုကညီမဖြစ်သူနဲ့ စကားများရန်ဖြစ်တာ ကြောင့်အတိုင်ခံရပြီးပြည်သူ့စစ်ဆိုသူတွေကလာဖမ်းသွားပါတယ်။ အဲဒီ​နောက် ည၁၂နာရီခန့်မှာ ဦးမင်းကို သေဆုံးသွားကြောင်းပျူတွေကဖုန်းဆက် အကြောင်းကြားခဲ့ပြီး အလောင်းပြန်ရဖို့အတွက်မိသားစုဝင်တွေက ငွေပေးထုတ်ခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

မိသားစုက လုံခြုံရေး စိုးရိမ်ကာ အမှုမဖွင့်ရဲသလို ရဲတွေလည်း အမှုမဖွင့်ရဲဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“မလွယ်ဘူးအခုက တခုခုဆို အကုန်ပျူ တွေရောက်လာတာ။မြို့တွင်းမှာ အကုန် ကြောက် နေရတာ”လို့ မြို့ခံအမျိုးသမီးက ဆက်ပြောပါတယ်။

မြင်းခြံမြို့တွင်းမှာပျူတွေကမကြာခဏဆက်ကြေးတောင်းတာ၊လူငယ်တွေကို ပေါ်တာဆွဲတာ၊‌‌ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာ တွေမကြာခဏလုပ်နေပြီး ရဲစခန်းအပါအဝင် စစ်အုပ်စု ဌာန တွေကို တိုင်ကြားပေ မယ့် စစ်တပ်က အရေး မယူခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။