Connect with us

Hi, what are you looking for?

သတင်း

ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇွန်-၆၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအမှုသည် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူ၏ ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ကနဦးတွင် အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခြင်းဟု သိရသည်။

“အုပ်စုဖွဲ့ကျူလွန်ခဲ့တဲ့သဘောပဲ။ ကျတော်တို့က ဒီအမှုကို လူသိရှင်ကြားနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ပြောချင်ပါတယ်”ဟု ရခိုင်ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

သံသယတရားခံ (၈) ဦးအား DLEPSက ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက သတင်းထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့်အဆိုပါအမှုသည် ကျူးလွန်ခံရသူနှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း(၁၁)ဖွဲ့က မေလ ၁၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင် ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့ကို ဒီနေ့ စက်တင်ဘာ ၂၈ရက် မနက်ပိုင်း ၇နာရီကျော်မှာ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ

Facebook