Connect with us

Hi, what are you looking for?

သတင်း

ဘားအံမြို့မှာ လိုင်စင်မဲ့ကား ဖမ်းရာမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ကားတွေကိုစစ်ကောင်စီမဖမ်းရဲ

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဘားအံမှာ ယာဉ်စစ်ဆေးနေတာကို တွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး

ဇွန် – ၆ ၊၂၀၂၅၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

ဇွန်လ ၁ ရက်ကစတင်ပြီး ဘားအံမြို့ပေါ် ရပ်ကွက်တွေ ၊ မြို့အဝင် အထွက် နဲ့မြို့ပြင် မှာပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်နယ်ခြားစောင့်တပ်(BGF) တို့က လိုင်စင်မဲ့ကားတွေကို လိုက်လံဖမ်းဆီးခဲ့တာပါ။

အဲဒီလို ဖမ်းဆီးမှုတွေကြောင့် ကျေးရွာတွေဘက်က ဒေသခံတွေဟာ ဘားအံ မြို့ဆီ ကုန်ပစ္စည်းလာရောက် ဝယ်ယူတာ ၊ ဆေးခန်းပြတာ ၊ ကျောင်းကြိုပို့ တာ ၊ လည်ပတ်တာတွေ မလုပ်ရဲကြတော့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လိုင်စင်မဲ့ကား ဖမ်းတဲ့အဖွဲ့ဟာ ဘားအံမှာ ကျောင်းတက် ၊ကျောင်းဆင်းချိန်ကို ပစ်မှတ်ထားပြီး ဖမ်းတာလို့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အခုလို ဖမ်းဆီးမှုတွေကြောင့် ဘားအံမြို့မှာ အသွားအလာကျဲတာ ၊ အထင်ကရ လည်ပတ်စရာ နေရာတွေမှာ လာရောက်သူနည်းပါးသွားတာတွေကြုံနေရပါတယ်။

ဘားအံမြို့ က စျေးဟာ လည်း အနီးဝန်းကျင်ရွာတွေရဲ့ ဝယ်လိုအားကို အားပြုရောင်းချရတာကြောင့် ရောင်းအားသိသိသာသာကျသွားတယ်လို့ မြို့ခံ တစ်ဦးက ဆိုပါတယ်။

“အကုန်စီးပွားပျက်ကုန်ပြီလေ၊ မြို့ထဲမှာတော့ ရောင်းမကောင်းလို့ စျေးသယ်တွေ ငြီးနေကြတယ်” လို့ ကရင်သတင်းရင်းမြစ် က ပြောပြပါတယ်။

ဒေသခံ ပြည်သူတွေရဲ့ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးပေမယ့် ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ဗိုလ်ဘိဦးဆောင်တဲ့ DKBA တပ်ဖွဲ့တို့ ရဲ့ လိုင်စင်မဲ့ကား တွေကိုတော့ စစ်ကောင်စီ က ဖမ်းဆီးတာ မရှိပါဘူး။

BGF ဟာ စစ်ကောင်စီလက်အောက်ခံ တပ် ဖြစ်သလို DKBA နဲ့ KNU/KNLA PC တို့က တော့ အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ထိုင်း – မြန််မာနယ်စပ် မြဝတီကနေ တဆင့် ဘားအံ ၊ လှိုင်းဘွဲ့မြို့ဘက်ဆီ BGF နဲ့ လက်နက်ကိုင်အဖွဲ့ အချို့ တာဝန်ယူ သယ်ဆောင်ပေးနေတဲ့ လိုင်စင်မဲ့ ကားတွေ ၊ သောင်ရင်းမြစ် ကမ်းကူး ဖောင်တွေ ၊ ဂိတ်တွေကိုတော့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က မဖမ်းရဲဘူးလို့ လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

လိုင်စင်မဲ့ ကားတွေ ၊ဆိုင်ကယ်တွေကို မြဝတီကနေ ဘားအံမြို့ မြောက်ဘက် ခြမ်း မှာ သံလွင်မြစ်ကို ဖောင်နဲ့ ဖြတ်ကူးသယ်ယူကာ သထုံ ၊ ဘီလင်း နဲ့ပဲခူးတိုင်းဘက်ဆီ ပို့ဆောင်နေတာလို့လည်းသိရပါတယ်။

အဲဒီလို သယ်ယူပို့ဆောင်ရာမှာ ဖြတ်သန်းရတဲ့ ဂိတ်တွေ ၊ ဖောင်တွေ ကို BGF နဲ့ ဗိုလ်ဘိဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေက အများစု ပိုင်ဆိုင်ပြီး အခွန်အခတွေ ကောက်ခံနေကြတယ်လို့သိရပါတယ်။

ကရင်ပြည်နယ်အတွင်းက ဒေသခံ ပြည်သူအများစု သာမက စစ်ကောင်စီရဲ့ စစ်ဘက် ၊နယ်ဘက် ဝန်ထမ်းတွေ လည်း သွားလာရေးအတွက် လိုင်စင်မဲ့ကားတွေကိုသာ အဓိကထားအသုံးပြုနေကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို